တနိုင်းမြို့ အထက (၁)တွင် ဆရာမနှင့် ကျောင်းသားအချို့ ကိုဗစ်-၁၉ ကူးစက်ခံရ

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းတက်ရောက်နေတဲ့ ဆရာမနဲ့ ကျောင်းသားတွေဆီမှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရလို့ ရောဂါ ကူးစက်ခံရသူတွေကို နေအိမ်မှ ကွာရန်တင်းထားထားတယ်လို့ သိရပါတယ်။

အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်းက ဆရာမ တယောက်နဲ့  ကျောင်းသား ၃ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိတာဖြစ်ပါတယ်။

အဆိုပါကျောင်းက ပညာရေးဝန်ထမ်း ၁ ဦးက “၁၉ရက်နေ့က ကိုဗစ် ပိုးစစ်တယ်။ အလယ်တန်းပြဆရာမတယောက်ရယ်၊ သတ္တမတန်း ကျောင်းသူတယောက်နဲ့  နဝမတန်းကျောင်းသားတယောက်မှာ ကိုဗစ်-၁၉ ပိုး တွေ့တယ်။ ပိုးတွေ့ထားတဲ့ သူတွေကို Home quarantine ထားပေးတယ်” လို့ ပြောပါတယ်။

အခြေခံပညာအထက်တန်းကျောင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တဲ့အတွက် ဒီနေ့ နိုဝင်ဘာ ၂၂ရက် ကျောင်းတက်ချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေက  ဆေးစစ်ဆေးပေးနေပြီး ရောဂါပိုးတွေ့ရှိမှုအခြေအနေကိုတော့  တိတိကျကျ မသိရသေးပါဘူး။

အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူ ၁၇၀၀၀ ကျော်ရှိပြီး ဒီအထဲကမှ ကျောင်းသားကျောင်းသူ ၈၀၀ ကျော်ဟာ  ကိုဗစ် ကာကွယ်ဆေး ထိုးထားပြီးကြောင်းသိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s