တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ မဲဝိုင်တပ်စခန်းကြီးကို KNU က တိုက် ခိုက် သိမ်း ပိုက်

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ မဲ၀ိုင်တပ်စခန်းကို KNU က သိမ်းပိုက်လိုက်ကြောင်း KNU သတင်းရင်းမြစ် ၂ ခုထက်မနည်းက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုလာသော်လည်း KNU တပ်မဟာ ၅ ၏ တရားဝင် အတည်ပြုချက် မရရှိသေးပေ။ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်း KNU တပ်မဟာ(၅) နယ်မြေ ရှိ အာဏာ သိမ်းစစ်ကောင်စီ၏အမာခံ မဲဝိုင်တပ်စခန်းကြီးတစ်ခုကို KNU KNLA က တိုက် ခိုက် သိမ်းပိုက်လိုက်ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြားသကဲ့သို့ KNU ဘက်မှလည်း အကျအဆုံးရှိကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါ စခန်းသိမ်းတိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး KNU တရားဝင် ထုတ်ပြန်ချက်နှင့် အတည် ပြုချက် မရှိသေးသဖြင့် သတင်းကို တရားဝင် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

KNU သတင်းရင်းမြစ် Thoo Leiကမူ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်မှာ မဲဝိုင်စခန်းသိမ်း တိုက်ပွဲမှာ နံနက် ၈ နာရီအချိန်မှ နေ့လည် ၂ နာရီအထိကြာမြင့်ကြောင်း ည ၆ နာရီအထိ KNU ကရှင်းလင်း ခဲ့ကြောင်း၊ KNLA ဘက်မှ ၁၀ ဦးထက်မနည်းကျဆုံးပြီး (၇)ဦးဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s