ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမ ၁ ဦး မုဒိမ်းကျင့် သတ်ဖြတ်မီးရှို့ခံရ

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းပူရီခရိုင်၊ ကဘင်ပူရီမြို့နယ်၊ ဘန့်ခလောင်းကန်ကျေးရွာမှာ မြန်မာအလုပ်သမတယောက် မုဒိမ်းကျင့်ခံရပြီးနောက် သတ်ဖြတ်မီးရှို့ခံရတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အသက် ၂၁ နှစ်ရွယ်ရှိ မြန်မာအမျိုးသမီး တယောက်ဟာ  ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် မနက် ၈ နာရီလောက်က သူရဲ့ အခန်းထဲကနေပျောက်ဆုံးသွားတာပါ။ 

အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲဖြစ်ပြီး ဆံချည်မျှင်တွေကပ်နေတဲ့ စယ်လိုတိပ်နဲ့ သွေးစ တွေပါတွေ့လို့  ရိုးရိုးသားသားပျောက်ဆုံးတာမဖြစ်နိုင်ကြောင်း ဆွေမျိုးသားချင်းတွေက ကဘင်ပူ ရီ ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၁၆ ရက်က အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေတဲ့  နန်းဆုမ်မိုင်ဆိုသူမှ တာဝန်ရှိသူထံဆက်သွယ်လာကြောင်း ၊ သူ့ရဲ့မောင်ဖြစ်သူ နိုင်းဘွန်းလိုင် (၂၄ နှစ်)က  မြန်မာမိန်းကလေးပေါ် မုဒိမ်းမှုကျူးလွန်ပြီး သေဆုံးတဲ့အထိ လက်လွန်သွားတယ်လို့ အမကိုဖွင့်ပြောထားကြောင်း၊ သူ့မောင်ကျူးလွန်တာနဲ့ပတ်သက်လို့ သေဆုံး သွားတဲ့မိန်းက‌လေးရဲ့ အသုဘစရိတ်ကို တာဝန်ယူပေးမယ်လို့  ရဲတပ်ဖွဲ့ကို ပြောပါတယ်။ 

အဲဒီနောက် ရဲတပ်ဖွဲ့က နိုင်းဘွန်းလိုင်ကို စုံစမ်းရှာဖွေရာမှာ နိုဝင်ဘာ ၁၈ ရက်နေ့က ထိုင်း- ကမ္ဘောဒီးယားနယ်စပ် ဆာကယောက်ခရိုင် ဝပ်ထနားခွန်းမြို့နယ်ရှိ သက်ကယ်တောထဲမှာ ခရီးတထောက်နားနေစဉ် ဖမ်းဆီးရမိခဲ့ပါတယ်။

နိုင်းဘွန်းလိုင်က မုဒိမ်းမှု၊ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံပြီး နိုဝင်ဘာ ၁၉ ရက်နေ့မှာ အလောင်းမီးရှို့ထားတဲ့ နေရာကို လိုက်ပြခဲ့ပါတယ်၊  အဆိုပါနေရာမှာ အခင်းဖြစ်တဲ့နေရာနဲ့ ၃၆ ကီလိုမီတာကွာဝေးတဲ့ ဆီအုန်းခြံတစ်ခုထဲက ရေကန်နားမှာရှိပြီး အရိုးတွေတခြားစီဖြစ်နေကာ အနံ့အသက်ဖုံးတဲ့အနေနဲ့ တာယာခွံ ၂ လုံးကိုပါ ရောပြီး မီးရှိုထားတာပါ။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ကဘင်ပူရီ ရဲတပ်ဖွဲ့က နိုင်းဘွန်းလိုင်ကို ခြိမ်းခြောက်၊အင်အားသုံး မုဒိမ်းကျင့်မှု၊ တမင်ကြံရွယ်လူသတ်မှု၊ ရက်စက်စွာညှဉ်းဆဲသတ်ဖြတ်မှု၊ အလောင်းဖျောက်ဖျက်မှု စတဲ့ ပြစ်မှု ၄ ခုနဲ့  အရေးယူသွားမယ်လို့  ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။  DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s