ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ် သား ၂ ဦးသေဆုံး

ကရင်နီပြည်နယ် (ကယား)၊ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF-B09) တို့ ယနေ့၊ နိုဝင်ဘာလ ၂၃ ရက် နံနက် ၆ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးကြောင်း KNDF-B09 က ထုတ်ပြန်သည်။

စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူမှုများလည်း ရှိခဲ့သည်ဟု KNDF B-09 က ဆိုသည်။ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွာရာ အနီးတဝိုက်သို့ ဖြတ်သန်းသွားလာခြင်း မပြုရန်လည်း KNDF-B09 ထပ်မံ သတိပေးထားသည်။ယမန်နေ့ ၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင်လည်း ဒီးမော့ဆိုမြို့နယ် ၊ စံပြ (၆)မိုင် နှင့် ဒေါပိုးစီ ကျေးရွာ တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA) ၊ ကရင်နီ အမျိုးသားများ ကာ ကွယ်ရေးတပ် ( KNDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့သည်။အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s