နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အရှိန်မြှင့်တိုက်ပွဲဝင်နေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦးသေဆုံး

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများ ခုခံစစ်များ အရှိန်မြှင့်တိုက် ပွဲဝင်နေပြီး ယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦးသေဆုံးသော စာရင်းကို ရန်ကုန်ခေတ်သစ်က ကောက်ယူရရှိထားသည်။

သထုံမြို့နယ်တွင် စစ်သား ၂ ဦး သေဆုံး

=================================

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုကြီးနှင့် ထုံးဘိုလေးကျေးရွာကြားတွင် KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ တပ်ဖွဲ့၊ Thaton People’s Guerillas – သထုံပြည်သူ့ပြောက်ကျားများ ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီကြား ယနေ့နိုဝင်ဘာလ ၂၂ ရက် နံနက် ၁၁ နာရိခန့်၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကာ ၄ ဦးထက်မနည်း ဒဏ်ရာရကြောင်း သထုံပြည်သူ့ပြောက်ကျားများ TPG က သတင်းထုတ်ပြန်သည်။

ဂန့်​ဂေါတွင် ဗိုလ်တစ်ဦးအပါအဝင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး ​သေဆုံး

=========================================================

မ​ကွေးတိုင်း၊ ဂန့်​ဂေါတွင် ဗိုလ်တစ်ဦးအပါအဝင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး ​သေဆုံး​ကြောင်း YDF က သတင်း ထုတ်ပြန်သည်။ နိုဝင်ဘာ ၂၁ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် ဂန်ဂေါမြို့နယ် ၊ မင်းရွာရဲစခန်းမှ ဂန်ဂေါမြို့သို့ ထွက်ခွာလာသော စစ်ကား ၅ စီးကို YDF (ဂန်ဂေါ)နှင့် ပူး ပေါင်း အဖွဲ့ က ခေါက်ခူရွာအနီးတွင် မိုင်း ၁၂ လုံးဖြင့် တိုက် ခိုက်ရာ စစ်ကား ဒုတိယ တစ်စီးနှင့် တတိယတစ်စီး မိုင်းထိမှန်ပျက်စီးသွားခဲ့​ကြောင်း သိရှိရသည်။ဗိုလ်အဆင့်ရှိသူ တစ်ဦးအပါအဝင် စစ်သား ၁၁ ဦး ​သေ ဆုံးခဲ့၍ ၂၀ ကျော် ပြင်းထန်ဒဏ်ရာရရှိသွား​ကြောင်း သိရှိ ရသည်။

ဗန်းမော်မြို့ မီးပွိုင့်အနီး ရဲကင်းပစ်ခတ်ခံရပြီး ရဲ ၁ ဦးသေ

===============================================

ယနေ့ နံနက် ၉ နာရီ အချိန်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ Y2K မီးပွိုင့်အနီးတွင် ရဲကင်း ပစ်ခတ်ခံရပြီး ရဲတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ ရဲ ၂ ဦး ဒဏ်ရာရရှိကြောင်း ဒေသသတင်းရင်းမြစ်များနှင့်ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှု စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံး

=====================================================================

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသတွင် နိုဝင်ဘာလ ၂၁ ရက်နေ့ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးပြီး MNDAA ကိုးကန့်တပ်ဘက်မှ ၁ ဦးကျဆုံးကြောင်း MNDAA ၏ ပြန်ကြားရေး The Kokang က သတင်းဖော်ပြသည်။

ကလေးမြို့တွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ PDF-Kalay ရဲဘော် ၂ ဦး ကျဆုံး

===============================================================

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်ပါးစေပျူစောထီး အဖွဲ့ဝင်များ တပ်စွဲထားသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ်ရှိ ကျောက်ပြုတ်ရွာကို နိုဝင်ဘာလ ၂၁ ရက် နံနက်တွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး၊ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကြောင်း PDF-Kalay က သတင်းထုတ်ပြန်သည်။

ကနီမြို့နယ်တွင် စစ်သား ၈ ဦးသေဆုံး

==============================

ကနီမြို့နယ်ယင်းယိမ်ကျေးရွာအနီး နိုဝင်ဘာ၂၁ရက်နေ့ နံနက်ပိုင်းနှင့် ညနေခင်းပိုင်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ဒေသ ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ရွှေကူမြို့နယ် တောင်ကတုံး‌တောင်အနောက်ဘက်တွင် တိုက်ပွဲဖြစ်

=======================================================

ရွှေကူမြို့နယ် တောင်ကတုံး‌တောင် အနောက်ကျောဘက်တွင် လှုပ်ရှားလာသည့် စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်‌အေနှင့် ရွှေကူမြို့နယ် PDF တို့ တိုက်ခိုက်ရာ ယ‌နေ့မွန်းလွဲ ၂နာရီခွဲမှ ၃နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီစစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ကား‌များနှင့် စစ်တပ်က လူနာများ သယ်ယူနေသည့်အတွက် ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ဒေသခံများထံမှ သိရှိရသည်။

ကယားတွင် စစ်သား ၂ ဦးသေဆုံး

=============================

နိုဝင်ဘာလ ၂၂ ရက်နေ့ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျောက် အင်အား (၇၀)ဝန်းကျင်ခန့်ဖြင့် ခြေလျင် စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဖက် နှစ်ဦး သေဆုံးကြောင်း KNDF က ယနေ့ သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s