ပဲခူးမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးခွဲတိုက်ခိုက်ခံရ

ပဲခူးမြို့၊ ပုဏ္ဏားစု ၁၄ လမ်းအနောက်ဘက်လမ်းထိပ်မှာ  နိုဝင်ဘာ ၂၂ ရက် ည ၇ နာရီ မိနစ်  ၅၀ လောက်က  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သ တင်းပေးတွေပူးပေါင်း  လှည့်ကင်းဆောင်ရွက်နေချိန် ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့   ပဲခူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့   BDF က ပြောပါတယ်။

အဆိုပါ ဗုံးဖေါက်ခွဲမှုကို  ပဲခူးBDF နဲ့ပဲခူး BGF ညီနောင်မဟာမိတ်အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး  ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိနိုင်တယ်လို့လည်း  ပဲခူး BDF က ပြောပါတယ်။

အခု ဖြစ်စဉ်နဲ့ ပက်သက်ပြီး စစ်ကောင်စီ ဘက်က ထိခိုက်ဒဏ်ရာတာ ရှိမရှိ မသိရသေးပါဘူး။ ဗုံးဖေါက်ခွဲခဲ့တဲ့  နေရာအနီးအနားဝန်းကျင်မှာတော့ စစ်ကောင်စီတပ်တွေက စစ်ဆေးနေပါတယ်။

စစ်အာဏာရှင်ရဲ့ လက်ပါးစေမှန်သမျှ တိုက်ခိုက်ချေးမှုန်းသွားမှာဖြစ်ပြီး  အာဏာရှင်ရဲ့ လက်အောက်ကနေ အမြန်ဆုံး ထွက်ခွာ  ပြည်သူ့ဘက်က ရပ်တည်သွားဖို့  ပဲခူး BDF နဲ့ မဟာမိတ်အဖွဲ့တွေက စစ်ကောင်စီရဲ့ အပေါင်းပါတွေကို သတိပေးထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s