မုံရွာ အမှတ် ၂ ရဲစခန်း လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အေးရိပ်သာလမ်းပေါ်ရှိ အမှတ်(၂)ရဲစခန်းကို နိုဝင်ဘာ ၂၃ ရက် ဒီမနက် ၅ နာရီဝန်းကျင်လောက်က  လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရတယ်လို့ ရဲစခန်းအနီး နေထိုင်သူတွေထံက သိရပါတယ်။

“မနက်ခင်းအစောကြီး အသံအကျယ်ကြီးကြားလိုက်တယ်။ စခန်းအတွင်းကနေ ဆူညံသံ တွေကတော့ ကြားရတယ်။ အပြင်တော့ ထွက်မကြည့်ရဲဘူး။ သူတို့နှစ်ဘက်ပစ်ခတ်တဲ့ ကြားထဲ ကိုယ်မှန်သွားမှာလည်း စိုးရိမ်ရလို့ ထွက်မကြည့်လိုက်ဘူး။ ပေါက်ကွဲတာတော့ အမှတ် ၂ ရဲ စခန်းထဲက ဖြစ်တာ သေချာတယ်ရှင့်။ ဘာတွေထိခိုက်လို့၊ ဘာတွေဖြစ်မယ်လို့ အတိကျမသိဘူး”လို့ အမှတ် ၂ စခန်းအနီးနေထိုင်တဲ့ အမျိုး သမီးက ပြောပါတယ်။

အဆိုပါ မုံရွာမြို့အမှတ် ၂ ရဲစခန်းကို အနောက်မြောက်လွင်ပြင် တော်လှန်ရေး အင်အားစု NPRF က ဒီကနေ့ မနက် ၅ နာရီလောက်မှာ  လက် ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ဗုံးပစ် တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ ထိခိုက်ဒဏ်ရာတာရှိနိုင်ပေမဲ့ ထိခိုက်ကျဆုံးမှုစာရင်းအတိအကျကို မသိရခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s