မြင်းခြံ၊ ကွမ်းစိုက်ကျေးရွာတွင် စစ်ကောင်စီတပ်ကို PDF ပူးပေါင်း ၄ ဖွဲ့ ဝင်တိုက်၊ အရာရှိတစ်ဦးအပါအဝင် စစ်သား ၈ ဦးသေဆုံး၊ ဒီမော့ဆိုတွင်လည်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို KNDF ဝင်တိုက်၍ စစ်သား၂ ဦးသေ ဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်တွင် PDF ပူးပေါင်း ၄ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးပါအဝင် စစ်သား ၈ ဦးသေဆုံးသွားကြောင်း သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

စစ်အင်အား ၂၀ ခန့်ဖြင့် ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်တွင် 27Revolution forces ဦးဆောင်ပြီး Zeroပြောက်ကြားတပ်ဖွဲ့(မြင်းခြံ)၊ Nathogyi Regional PDF ၊ Natogyi people defence forces နွားထိုးကြီးPDF တို့ က RPG7 ဖြင့် ဦးစွာ ပစ်ခတ်ကြောင်း၊ ယင်းနောက် လက် နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စာ သင်ကျောင်းအတွင်းမှ စစ်ကောင်စီတပ်များ ပြန်လည်ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းပင် မရှိတော့ပဲ အရာရှိတဦးအပါအဝင် စစ်သား ၈ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်ဝန်းကျင် ကယား ပြည်နယ်၊ ဒီမော့ဆိုမြို့နယ် ဒေါပိုးစီဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီနှင့် KNDF B-09တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပါ ပစ်ခတ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကြောင်း KNDF က တရားဝင် သတင်းထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s