ရန်ကုန် လှိုင်၊ သာကေတ၊ မှော်ဘီမြို့နယ်တွင် ဗုံးများပေါက်ကွဲ၊ လူတချို့ ထိ ခိုက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သာကေတမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် ယနေ့ ဗုံးများ ပေါက်ကွဲပြီး လူတချို့ ထိခိုက်မှုရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် လျှပ်စစ်ရုံးရှေ့တွင် နိုဝင်ဘာလ ၂၃ ရက်နံနက် ၁၁ နာရီခွဲအချိန် ၂ ကြိမ် ဆက်တိုက် ဗုံးပေါက်ကွဲကြောင်း ၊ လျှပ်စစ်ရုံးမှ ဝန်ထမ်းများ အပါအဝင် လူ ၅ ဦး ဒဏ်ရာရရှိကြောင်း ၊ လျှပ်စစ်ရုံးရှေ့တွင် ရပ်ထားသောဆိုင်ကယ်တစ်စီးတွင် ချိတ်ထားသည့်အိတ်အတွင်းမှ ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဆိုင်ကယ်ပေါ်မှာ ဗုံးပေါက်တာပါ။ ၂ ကြိမ်။ အသံတော့ အရမ်းကျယ်တယ်။ တစ်ယောက်ဒဏ်ရာ ပြင်းတယ်ပြောပါတယ်။ ၅ ဦးလောက် ထိတယ်ဗျ။ ပထမဗုံးက အသံဗုံးလို့ပြောတယ်။ နောက်ပေါက်တဲ့ဗုံးမှာ လူထိတယ်လို့ ပြောတယ်” ဟု မှော်ဘီမြို့နယ် လျှပ်စစ်ရုံးအနီးနေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။ အလားတူ သာကေတမြို့နယ်၊နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၂ မိနစ်တွင် စစ်ကောင်စီတပ်များ ကင်းလှည့်နေသည့် သာကေတ ဘောလုံးကွင်းနား ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

အလားတူ လှိုင်မြို့နယ်၊ နိုဝင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် လှိုင်မြို့နယ်စည်ပင်သာယာရေးရုံးအနီး ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s