ခင်ဦး၊ ကျုံပျော်နှင့်အရာတော်တို့တွင် ပျူစောထီးနှင့် သတင်းပေးဟုသတ်မှတ်ခံထားရသူ ၃ ဦးထက်မနည်း အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အုန်းပင်ကုန်းရွာမှ ပျူစောထီးအဖွဲ့ စည်းရုံးရေးမှူးဟု အများက သတ်မှတ်ထားသူ ချစ်ဦးကို ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် King Cobra-Khin U (တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး)က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

သေဆုံးသူ ချစ်ဦးသည် ပျူစောထီးအဖွဲ့ ဝင်ရောက်သူများ သင်တန်းတက်နိုင်ရန် စည်းရုံးပေးသူဖြစ်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ကျေးရွာသို့ ဝင် ရောက်နိုင်ရန် လမ်းပြခေါ်ဆောင်သူလည်းဖြစ်ပြီး နယ်မြေအခြေအနေ သ တင်းများ ထောက်လှမ်း၍ စစ်ကောင်စီ ပေးပို့နေသူလည်း ဖြစ်ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရှိသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ အ လားတူ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ဒုံဒစ်ကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဟု သတ်မှတ်ခံရသူ ပိုးတီကို နို ဝင်ဘာလ ၂၂ ရက်နေ့တွင် အရာတော်နင်ဂျာ မောင်ဒေဝါအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းသေဆုံးခဲ့ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ ပိုးတီသည် ဒေသခံ‌ ပျောက်ကျားရဲဘော်များ၏ လက်နက်တိုက်နေရာများကို စစ် တပ်အား သတင်း ပေးခြင်း၊ ကျေးရွာအတွင်းရှိ ၎င်းနှင့်မတည့်သော NLD ပါတီ ထောက်ခံသူများနှင့် တက်ကြွလှုပ်ရှားသူများ၏ နေအိမ်များကို စစ်တပ်အား သတင်းပေးခြင်းနှင့် ရွာအတွင်းသို့ စစ်တပ်လာရောက်လျှင် အရက်ဝယ်ပေးခြင်း ရိက္ခာ ထောက်ပံ့ခြင်းများ လုပ်ဆောင်သောသူဖြစ်ကြောင်း အရာတော်နင်ဂျာ မောင်ဒေဝါအဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ပိုးတီသည် သတင်းပေးဟုတ်၊ မဟုတ် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ အလားတူ ဧရာဝတီတိုင်း ကျုံပျော်မြို့ နယ် ကန်စုကျေးရွာအနီး အောင်ဆန်းရပ်ကွက်တွင် စစ်ကောင်စီ သတင်းပေး ဟု သတ်မှတ်ခံရသူ ဝင်းရွှေကို နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လည်ပိုင်း၌ ကျုံပျော်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ကျုံပျော်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

သတင်းပေးဟု သတ်မှတ်ခံရသူ ဝင်းရွှေ သေဆုံးမှုနှင့် ပတ်သက်ပြီး ကန်စုရွာ၊ ရေတိမ်ရွာ၊ သုံးပင်ဆိုင်ရွာနှင့် အောင်ဆန်းရပ်ကွက်တို့က ဖမ်း ဆီးခံရသူများနှင့် နောက်ထပ်စစ်ဆေး ဖမ်းဆီးခံနိုင်ဖွယ်ရှိသူများမှာ ထိုကိစ္စနှင့် မသက်ဆိုင်ဘဲ မတရားဖမ်းဆီးခံရသော အပြစ်မဲ့ပြည်သူများသာ ဖြစ်ကြောင်း ကျုံပျော်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ရန်ကုန်ခေတ်သစ်အနေဖြင့် သတင်းပေးဟု သတ်မှတ်ခံထားရသူ ဝင်းရွှေသည် အမှန်တကယ် သတင်းပေး ဟုတ်၊ မဟုတ် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s