စစ်ကိုင်း-မြင်းမူလမ်းတွင် မိုင်းရှင်းရန်လာသော စစ်ကောင်စီကား ၂ စီးကို မြင်းမူ PDF က မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၅ ဦးသေဆုံး ၃ ဦး ဒဏ်ရာပြင်းထန်

စစ်ကိုင်း-မြင်းမူ ကားလမ်းပိုင်းတစ်နေရာတွင် ယမန်နေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး အဆိုပါ နေရာအား မိုင်းရှင်းရန်လာရောက်သော စစ်ကောင်စီ ယာဉ် ၂ စီးအား ယနေ့ နံနက် ၈ နာရီခန့်တွင် မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Black Eagle Decence Force – မြင်းမူတို့က မိုင်ဆွဲတိုက်ခိုက်သဖြင့် စစ်သား ၅ ဦးခန့်သေဆုံး၊ ၃ ဦးအပြင်းအထန် ဒဏ်ရာရကာ ကား ၁ စီးမှာ လုံးဝပျက်စီးသွားကြောင်း မြင်းမူ-PDF က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကိုင်းဘက်က ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အဆိုပါနေရာသို့ လာရောက်ကြည့်ရှုချိန်တွင် မြင်းမူ-PDF က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကာ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s