စစ်​ကောင်စီ ​ရေယာဥ်များကို မင်းကင်း PDF က ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း က​လေးခရိုင် မင်းကင်းမြို့နယ်မှာ နိုဝင်ဘာ ၂၃ ရက်​နေ့က ချင်းတွင်းမြစ်အတွင်းက​​နေ ဆန်တက်လာတဲ့ စစ်​ကောင်စီ ​ရေယာဥ်တွေကို မင်းကင်း PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာဘက်က​နေ ဆန်တက်လာတဲ့ စစ်​ကောင်စီ​တပ်ဖွဲ့ရေယာဥ်တွေဟာ က​လေးဝဘက်က စုံဆင်းလာတဲ့ စစ်​ကောင်စီ​ရေယာဥ်တွေကို လုံခြုံ​ရေး​ပေးဖို့ လာစဥ်မှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။ 

တိုက်ခိုက်ခံခဲ့ရတာဟာ မင်းကင်းမြို့နယ်အတွင်းက တစ်​နေရာမှာဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက် ​နေ့လယ် ၁ နာရီဝန်းကျင်​လောက်ကဖြစ်ကာ ​စစ်​ကောင်စီတပ်ဖွဲ့ အမြန်ရေယာဥ် ၂ စီးနဲ့ စပိဘုတ် ၁ စီး စုစု​ပေါင်း ၃ စီးဖြစ်တယ်လို့ ဒေသခံ PDF တိုက်ခိုက်​ရေး​ခေါင်း​ဆောင်က ​ပြောပါတယ်။ 

တိုက်ခိုက်မှုမှာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး စစ်​ကောင်စီဘက်က​တော့ ထိခိုက်မှုရှိနိုင်​ပေမယ့် အတိအကျ မသိရ​သေးသလို ​ဒေသခံ PDF အဖွဲ့ဘက်က​တော့ ထိခိုက်မှုတစ်စုံတရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၇ နာရီခွဲလောက်ကလည်း ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း  အမြန်ရေယာဉ်နှစ်စီးနဲ့ ကနီပြည်သူ့ကာကွယ်ရေးတပ်တို့ ပစ်ခတ်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

စစ်​ကောင်စီ​ရေယာဥ်တွေဟာ ချင်းတွင်းမြစ်အတွင်းမှာ မကြာခဏဆိုသလို ​ဒေသခံ PDF အဖွဲ့​တွေရဲ့ တိုက်ခိုက်ခြင်း​ ခံ​နေရတာလည်းဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s