တရက်တည်း ကိုဗစ်အတည်ပြုလူနာသစ် ၆၃၀ ကျော်၊ ထပ်မံသေဆုံးသူ ၇ ဦးရှိ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၆၃၀ ကျော်နဲ့ ထပ်မံသေ ဆုံးသူ ၇ ယောက်ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာ ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၃ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက် အောက်ခံ တပ်မတော်ဆေးရုံတွေ အ များစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၆,၈၃၉ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၆၃၁ ယောက်တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၂ ဒ သမ  ၃၅ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၇၇၇ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၁၉,၁၀၂ ယောက်နဲ့ သေဆုံးသူအရေအတွက်ကတော့ ၁၉,၀၄၁ ယောက် ရှိနေပါတယ်။

ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေနဲ့ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၉ သန်း၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ  ၁၀ ဒသမ ၄ သန်းနဲ့ စုစုပေါင်း ၁၅ ဒသ မ ၃ သန်းရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s