ထန်တလန်တွင် မီးလောင်မှုကြီးဖြစ်ပွားနေပြန်

ချင်းပြည်နယ် ထန်တလန်မြို့တွင် ယနေ့နေ့လည် ၂ နာရီခန့်က စတင်လောင်ကျွမ်းခဲ့သော မီးလောင်မှုကြီးသည် ည ၇ နာရီအထိလောင်ကျွမ်းနေဆဲဖြစ်သည်ဟု ဒေသခံများကပြောသည်။” နေအိမ်ဘယ်လောက်ထိပါသွားလဲဆိုတာတော့အတိအကျမသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုအကြိမ်ပါထဲ့ရေတွက်လျှင် ထန်တလန်တွင် နှစ်လအတွင်း လူနေအိမ်များမီးလောင်ကျွမ်းမှု ငါးကြိမ်ရှိပြီဖြစ်သည်။ အောက်တိုဘာ ၂၉ ရက်နေ့လောင်ကျွမ်းမှုမှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ရာကဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားခဲ့ကြသည်။
စစ်ကောင်စီတပ်ကတော့ ငြင်းဆိုခဲ့ပြီး ဒေသခံချင်းတော်လှန်ရေးတပ်များကိုပင်အပြစ်ဖို့ခဲ့သည်။စက်တင်ဘာလ ၁၈ရက်နေ့တွင်နေအိမ် ၁၉ လုံး၊ အောက်တိုဘာလ ၂၉ရက်နေ့တွင် နေအိမ်၁၆၄လုံး၊နိုဝင်ဘာ ၆ရက်နေ့တွင်နေအိမ် ရှစ်လုံး၊နိုဝင်ဘာ၉ရက်နေ့တွင်နေအိမ် လေးလုံးဆုံးရှုံးခဲ့ရသည်။ mizzima