ဒီပဲယင်းတွင် ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ငါးလောင်းပြိုင် လူသတ်မှုဖြစ်

ဒီပဲယင်းမြို့နယ် သာယာအေးကျေးရွာတွင် ယနေ့နံနက်အစောပိုင်းက ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် ငါးလောင်းပြိုင်လူသတ်မှုကြီးတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှတစ်ဆင့်သိရသည်။“မနက်အစောကြီး ၃ နာရီလောက်ကဖြစ်တာလို့ပြောတယ်၊ မိသားစုခြောက်ယောက်ရှိတာ ငါးယောက်အသတ်ခံရတယ်၊ အဲဒီအထဲမှာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ တစ်ယောက်လည်းပါတယ်၊ တစ်ယောက်ကတခြားရောက်နေလို့လွတ်သွားတယ်ပြောတယ်” ဟု ဒီပဲယင်းမြို့နယ်ဒေသခံတစ်ဦးကပြောသည်။

လူသတ်မှုဖြစ်ပွားသည့် အကြောင်းအရင်းကို လတ်တလောမသိရသေးဘဲ၊ အသတ်ခံရသူငါးဦးတွင် သေနတ် ကျည်ဆံဒဏ်ရာများဖြင့်သေဆုံးခဲ့သူလည်းရှိကြောင်းသိရသည်။“ရက်ရက်စက်စက်သတ်သွားတာပါ၊ ဓားနဲခုတ်ထားတာလည်းမြင်မကောင်းဘူး၊ သေနတ်ဒဏ်ရာလည်းတွေ့တယ်၊ ခေါင်းပွင့်သေနေတဲ့တစ်ယောက်ကကျည်ဆံ ထိထားတာလို့ပြောတယ်၊ တစ်ယောက်ကတော့လည်ပင်းညှစ်ခံရပြီးသေတယ်ထင်တယ် လျှာပါထွက်နေတယ်၊ လူသတ်သမားတွေက ရွှေငွေပစ္စည်းတွေလည်းယူသွားတာ ငွေသားချည်းပဲသိန်းရာချီတယ်တဲ့” ဟုလည်း ၎င်းကပြော သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Depayin People’s Defence Force)က ဒေသအတွင်းကပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့်ပူးပေါင်းပြီး၊ ဖြစ်စဉ်မှန်ဖော်ထုတ်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စက်တင်ဘာလ ၆ ရက်နေ့ကညောင်လှကျေးရွာတွင်လည်း ကောင်း၊ အောက်တိုဘာလ ၅ ရက်နေ့က ဆင်ဝပ်ကုန်းကျေးရွာတွင်လည်းကောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့ကမကျည်းစောက်ကျေးရွာတွင်လည်းကောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့က စိုင်ပြင်ကျေးရွာတွင်လည်းကောင်း နှစ်လောင်းပြိုင်လူသတ်မှုတစ်ကြိမ်စီဖြစ်ခဲ့ကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s