ပုံညာတောင်ခြေရင်းတွင် ဆိုင်ကယ်စီးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို YDF က တိုက်ခိုက်၊ စစ်သား ၁၀ ဦး ခန့်သေဆုံး

မကွေးတိုင်း၊ ကျောမြို့မှတဆင့် ဂန့်ဂေါမြို့ဘက်သို့ ဆိုင်ကယ် ၆ စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုဝင်ဘာလ ၂၄ ရက် နံနက် ၈ နာရီခွဲတွင် ပုံညာတောင်ခြေရင်း၌ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က မိုင်းခွဲကာ တူမီးသေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့်သေဆုံးကာ ဒဏ်ရာပြင်းထန်သူများရှိကြောင်း YDF က သတင်းထုတ်ပြန်သည်။

YDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ကြောင်းနှင့် နိုဝင်ဘာလ ၁၅ ရက်မှ စ၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် နေ့စဉ် တိုက်ပွဲများပြင်းထန်နေသောကြောင့် ပြည်သူများအနေဖြင့် တိုက်ပွဲအနီးဝန်းကျင်တွင် သွားလာခြင်းမပြုကြရန် YDF ထုတ်ပြန်ချက်တွင် ဖော် ပြသည်။ Khit Thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s