ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က NUG ငွေတိုက်စာချုပ်ဝယ်ယူအားပေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရောင်းချနေတဲ့ ငွေတိုက်စာချုပ်ကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော် (BTO-PDA) က နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

”အခက်အခဲတွေကြားက အလှူငွေပေါများနေလို့တော့ မဟုတ်ပါဘူး။ ဒေါ်လာ ၁၀၀ တန် ဝယ်ယူပြီး NUG ကို တတ်နိုင်တဲ့ဘက်က ကူညီတဲ့အနေနဲ့ သမိုင်းတခုရေးထိုးလိုက်တာပါ” လို့ BTO-PDA ရဲ့ ဘဏ္ဍာရေးတာဝန်ခံက  ပြောပြပါတယ်။

အခုတိုက်ပွဲဟာ စစ်အာဏာရှင်ကို မြန်မာ့မြေပေါ်ကနေ အမြစ်ပြတ် အပြီးတိုင်မောင်းထုတ်တဲ့အရေးတော်ပုံအောင်မြင်တော့မှာဖြစ်လို့ ပြည်သူ လူထုအနေနဲ့လည်း NUG ကရောင်းချတဲ့ ငွေတိုက်စာချုပ်အပါအဝင် အောင်လံလွှင့်ချီနွေဦးထီတွေကိုလည်း ဝယ်ယူကြဖို့ တိုက်တွန်းလိုပါတယ်လို့ ဆက်လက်ပြောပြပါတယ်။

အထူးငွေတိုက်စာချုပ်ဝယ်ယူဖို့ လျှောက်လွှာတင်တာကို လက်ခံရရှိပြီးစိစစ်ကာ ရုံးဖွင့်ရင် ၁၄ ရက်အတွင်း အထူးငွေတိုက်စာချုပ်ပြန်လည်ပေးပို့မယ့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနရဲ့ အကြောင်းပြန်ကြားစာကို နိုဝင်ဘာ ၂၃ ရက်နေ့ကလက်ခံရရှိတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က အထူးငွေတိုက်စာချုပ်တွေကို နိုဝင်ဘာ ၂၂ ရက်မှာ စတင်ရောင်းချခဲ့တဲ့ ပထမတစ်ရက်တည်း  အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ သန်းကျော် ရောင်းချပြီးဖြစ်တယ်လို့သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s