မန္တလေးတွင် စျေးဝယ်ထွက်သည့် စစ်ကောင်စီတပ်ကား ဗုံးပစ်တိုက်ခိုက်ခံရ စစ်သား ၁ ဦး ဒဏ်ရာပြင်းထန်

မန္တလေးမြို့ ကမ်းနားလမ်းပေါ်ရှိ (၄၁) လမ်းကုန်စိမ်းတန်းညစျေးအနီး ယနေ့နံနက်အစောပိုင်းက စျေး၀ယ်လာသည့်စစ်ကား ဗုံးပစ်တိုက်ခိုက်ခံရပြီးစစ်သားတစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည်။“စျေး၀ယ်လာတဲ့စစ်ကားကိုဗုံးနဲ့ပစ်သွားတာအုန်းကနဲပဲ၊ မနက် ၇ နာရီ ၁၀ မိနစ်လောက်ကပါ၊ စစ်သားတစ်ယောက်ထိပြီးလဲကျသွားတာတွေ့လိုက်ရတယ်၊ နောက်တော့ စစ်သားတွေကစျေးထဲရမ်းသမ်းပစ်ကြလို့စျေးသည်တွေပါထွက်ပြေးကြရတယ်” ဟု မျက်မြင်တစ်ဦးကပြောသည်။

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီလက်နက်ကိုင်များက စျေးအတွင်းရမ်းသမ်းပစ်ခတ်တာကြောင့် စျေး၀ယ်လာသူအမျိုးသမီးနှစ်ဦးကျည်ဆံထိမှန်ဒဏ်ရာရခဲ့ကြောင်း လည်းသိရသည်။“စစ်သားတွေကရမ်းသမ်းပစ်တာဗျ၊ အချက်ပေါင်းဘယ်လောက်မှန်းတောင်မရေနိုင်ဘူး၊ အဲဒီမှာ မိန်းကလေးတစ်ယောက်နဲ့အဒေါ်ကြီးတစ်ယောက်ထိသွားတယ်၊ ရှပ်ထိတာလို့ တော့ပြန်သိရတယ်” ဟုလည်း နောက်ထပ်မျက်မြင်တစ်ဦးကဆိုသည်။

လက်ရှိတွင် ကမ်းနားလမ်းတလျှောက် ပေပင်ကျောင်းတိုက်ရှေ့မှ (၃၈) လမ်းအထိ စစ်ကောင်စီလက်နက်ကိုင်များကပိတ်ဆို့ထားပြီး၊ သံလျက်မှော်အနောက်ရပ်ကွက်တစ်ခုလုံး ကို၀င်ရောက်စီးနင်းရှာဖွေမှုတို့ပြုလုပ်နေသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s