မန္တလေး၊ ၄၁ လမ်း မိုးကောင်းညဈေးအနီး စစ်ကောင်စီကားအား ဗုံးပစ်တိုက်ခိုက်မှု ၎င်းတို့လက်ချက်ဟု GZP (Mandalay) ပြော၊ စစ် သား ၂ ဦးသေဆုံး ၃ ဦး ဒဏ်ရာပြင်းထန်

မန္တလေး၊ အနောက် ၄၁ လမ်း၊ မိုးကောင်းညဈေးအနီး လာရောက်ဈေးဝယ်သော စစ်ကောင်စီကား ၁ စီးအား ဗုံးပစ်တိုက်ခိုက်မှုမှာ ၎င်းတို့ လက်ချက်ဖြစ်ပြီး စစ်သား ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာပြင်းထန်ကြောင်း GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ က ပြောသည်။ဗုံးကွဲပြီး စစ်သား ၁ ယောက်က တန်းမှောက်သွားတာ၊ ဒဏ်ရာထပ်ရတဲ့သူတွေ ရှိနိုင်ဦးမယ်၊ ပြီးတာနဲ့ အဲဒီစစ်ခွေးတွေက မဆိုင်ဘဲ ဈေးထဲကို ရမ်းပစ်တာ ကျည်ထိတဲ့သူတွေ ရှိတယ်” ဟု မျက်မြင်ဒေသခံတစ်ဦးမှ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများက ၄၁ လမ်း ဈေးအတွင်းသို့ အချက်ပေါင်းများစွာ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး လည်ပင်းတွင် ကျည် ရှပ်ထိဒဏ်ရာရသလို အခြားအမျိုးသမီး ၁ ဦးလည်း ကျည်ထိမှန် ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ် သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်းနှင့် စစ်ကားအနီးရှိနေသော ပြည်သူ ၁ ဦးပါ ထိခိုက်ဒဏ်ရာရကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့၏ ရမ်း ကားပစ်ခတ်မှုကြောင့် အခြားအမျိုးသမီး ၂ ဦး ကျည်ထိမှန် ဒဏ်ရာရကြောင်း၊ ဒဏ်ရာရပြည်သူ ၃ ဦးကို အနူးအညွတ်တောင်းပန်ကြောင်း Generation Z Power (Mandalay) အဖွဲ့က သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s