မုံရွာ-အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းများအား ဒေသကာကွယ်ရေးမဟာ မိတ် ၇ ဖွဲ့မှ ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံး၊ အများအပြား ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများအား ဒေသကာကွယ်ရေးမဟာမိတ် ၇ ဖွဲ့မှ နိုဝင်ဘာလ ၂၃ ရက် တစ်ရက်အတွင်း ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၅ နာရီခွဲခန့်တွင် မုံရွာမှ အရာတော်ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီ လိုက်ထရပ်ကား ၂ စီးအား တုံးတင်ကန်အနီးတွင် တစ်ဖက်ပွင့်ပြောင်း ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း သိရှိရသည်။နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ၃၆၉ အမြှောက်တပ် (သစ်ကျင်းကြီးတပ်) အရာတော်မှ မုံရွာဘက်သို့ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ဆိုင်ကယ် ၄ စီးအား မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရကြောင်း သပြေညိုပြောက်ကျားအဖွဲ့က ဆိုသည်။

နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် အရာတော်မှ အိမ်စီးကား ၃ စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တုံးတင်ကန်အနီး၌ပင် မိုင်း ၁ လုံးဆွဲတိုက်ခိုက်ခဲ့ပြီး ၃ ဦး ဒဏ်ရာရကြောင်း နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ဆေးရန်လာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ကျန်မိုင်း ၁ လုံးအား လာရောက်စစ်ဆေးစဉ် ထပ်မံပေါက်ကွဲပြီး ၈ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှု ၄ ကြိမ်ကို သပြေညို ပြောက်ကျားတပ်ဖွဲ့ မှ ဦးဆောင်၍ Knights Of The Red Land (KORL) ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Falcon Force (AF2)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing PDF- (ABN-PDF)၊ People’s Guerillas Commendo-Myinmu နှင့် M.R.T.F တပ်ဖွဲ့ စသည့် မဟာမိတ် ၇ ဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s