မြိုင်တွင် စစ်ကောင်စီယာဉ်တန်းများကို ရှော့ခ်တိုက်ဒုံးဖြင့် ပစ်ပြီး မိုင်းခွဲတိုက်ခိုက်၊ စစ်သား ၃ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန် ရေနံတင်ကား ၅ စီးအတွက် လုံခြုံရေးလိုက်ပါလာသော စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် ပစ်ခြင်း၊ မိုက်ဆွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ရာ အနည်းဆုံး စစ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း Myaing PDF က သတင်းထုတ်ပြန်သည်။

Myaing PDF ၏ မြေခွေးပျောက်ကြားတပ်နှင့် Pakokku PDF တို့က ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ခန့်တွင် လက်ပံတို-အရာတော်လမ်းပေါ်တွင် ရေနံကား ၅ စီးကို လုံခြုံရေး ယူလိုက်ပါလာသော စစ် ယာဉ်တန်ုကို တာဝေးပစ်ရှော့တိုက်ဒုံးဖြင့် ပစ်ခြင်း၊ မိုင်းခွဲခြင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကားတစ်စီး တိုက် ရိုက်ထိမှန်၍ ကား လုံးဝပျက်စီးသွားကာ ကားပေါ်ရှိစစ်သား အနည်းဆုံး ၃ ယောက်သေဆုံးကာ ဒဏ်ရာရသူ များပြားကြောင်း သိရှိရသည်။

အလားတူ Myaing PDF မှ ဇုန်၂ တပ်စုမှူး ဗိုလ်မိုးကားအဖွဲ့က နိုဝင်ဘာလ ၂၂ ရက်နေ့မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် မြိုင်-လင်းကတော လမ်း ရှိ လင်းကတောရဲစခန်းမှူး လင်မယားစီးလာသော စစ်ကားကို မိုင်း (၆) လုံး ခွဲ တိုက်ခိုက်ရာ လင်းကတော ရဲစခန်းမှူး လင်မယား ဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s