ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီကို ပြည်သူများက ခုခံတိုက်ခိုက်၊ စစ်သား ၆၁ ဦးသေဆုံး

ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတစ်ဝန်း စစ်ကောင်စီကို ပြည်သူများ ခုခံတိုက်ခိုက်လျက်ရှိပြီး ယနေ့ စစ်သား ၆၁ ဦးသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စာရင်း ကောက်ခံရရှိသည်။

ရန်ကုန်တွင် နေရာအနှံ့ ဗုံးကွဲတိုက်ခိုက်မှုများဖြစ်ပေါ်

============================================

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် ဗုံးပေါက် ကွဲပြီး မပေါက်ကွဲသေးသော ဗုံးများ တွေ့ရှိရကြောင်း ဒေသ ခံများထံမှ သိရှိရသည်။”ကျူးကျော်စျေးဆိုင်တွေ ရှင်းရင်းနဲ့ ဗုံးကွဲတာလို့ပြောတယ်။ ရဲနဲ့စစ်သား ၅ ဦး ထိတယ်။ စည်ပင်တွေလည်းထိတယ်။ မပေါက်ကွဲသေးတဲ့ဗုံးတွေ့တယ်လည်း ကြားတယ်။ စမ်းချောင်း ပုသိမ်လမ်းထိပ်မှာ” ဟု မြေပြင်ကင်းထောက် လူငယ်တစ်ဦးက ​ပြောသည်။

ရန်ကုန်တိုင်း၊ သန်လျင်-ကျောက်တန်းမြို့နယ်တွင်လည်း ယနေ့နံနက် ၈ နာရီခွဲအချိန် စစ်ကောင်စီတပ်များ စစ်ဆေးရေးဂိတ် ဖြစ်သည့် တမံဦး စစ်ဆေးရေးဂိတ်ကို သန်လျင်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (TLPDF) ပကဖ က အ​ဝေးထိန်းစနစ်ဖြင့် ​ဖောက်ခွဲလိုက်ကြောင်း ၊ တမံဦးစစ်​ဆေး​ရေးဂိတ်တွင် လမ်းသွားလမ်းလာ မိဘပြည်သူများကို လက်နက်ကိုင်ပြီး အဓမ္မ နှိပ်စက်နေ၍ ဖြစ်ကြောင်း၊ ယခုထက်ပိုမိုသော အရေးယူမှုများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေသ ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

အလားတူ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသည့် စစ်တပ်အထည်ချုပ်စက်ရုံ ၊ ရွှေလင်ဗန်းကျောင်းရှေ့မှတ်တိုင်အနီး နှင့် မြစိမ်းရောင်အိမ်ရာအနီးတို့တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၉နာရီ၌ လှိုင်သာယာမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ (HRDF) အဖွဲ့က အဝေးထိန်းဗုံး၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း HRDF အဖွဲ့ထံမှ သိရသည်။ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးဘဲ ယင်းသို့ တိုက်ခိုက်ခြင်းသည် စစ်ကောင်စီ တပ်ဖွဲ့များအနေဖြင့် မကြာသေးမှီက ရန်ကုန်မြို့ ပြ ပျောက်ကြားရဲဘော်များကို မတရားဖမ်းဆီးသတ်ဖြတ်ခဲ့မှုအား ပြန်လည် တုန့်ပြန်ခြင်းဖြစ်ကြောင်း HRDF အဖွဲ့က ထုတ်ပြန်ထားသည်။ရန် ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သာကေတမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် ယနေ့ ဗုံးများ ပေါက်ကွဲပြီး လူတချို့ ထိခိုက်မှုရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် လျှပ်စစ်ရုံးရှေ့တွင် နိုဝင်ဘာလ ၂၃ ရက်နံနက် ၁၁ နာရီခွဲအချိန် ၂ ကြိမ် ဆက်တိုက် ဗုံးပေါက်ကွဲကြောင်း ၊ လျှပ်စစ်ရုံးမှ ဝန်ထမ်းများ အပါအဝင် လူ ၅ ဦး ဒဏ်ရာရရှိကြောင်း ၊ လျှပ်စစ်ရုံးရှေ့တွင် ရပ်ထားသောဆိုင်ကယ်တစ်စီးတွင် ချိတ်ထားသည့်အိတ်အ တွင်းမှ ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဆိုင်ကယ်ပေါ်မှာ ဗုံးပေါက်တာပါ။ ၂ ကြိမ်။ အသံတော့ အရမ်းကျယ်တယ်။ တစ်ယောက်ဒဏ်ရာ ပြင်းတယ်ပြောပါတယ်။ ၅ ဦးလောက် ထိတယ်ဗျ။ ပထမဗုံးက အသံဗုံးလို့ပြောတယ်။ နောက်ပေါက်တဲ့ဗုံးမှာ လူထိတယ်လို့ ပြောတယ်” ဟု မှော်ဘီမြို့နယ် လျှပ်စစ်ရုံးအနီးနေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ သာကေတမြို့နယ်၊နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၂ မိနစ်တွင် စစ်ကောင်စီတပ်များ ကင်းလှည့်နေသည့် သာကေတ ဘော လုံးကွင်းနား ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။ အလားတူ လှိုင်မြို့နယ်၊ နိုဝင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် လှိုင်မြို့နယ်စည်ပင် သာယာရေးရုံးအနီး ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ရန်ကုန်- ပုသိမ်လမ်းပိုင်းရှိ ဝါဝါဝင်းစီမံခန့်ခွဲရေးရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို လှိုင်သာယာ မြိုပြပြောက်ကျားတပ်ဖွဲ – CGFအဖွဲ့က ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။ အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသးကြောင်း ယင်းအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ကယားပြည်နယ်တွင် စစ်သား ၅ ဦးသေဆုံး

========================================

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်နှင့် ဒေါပိုးစီကျေးရွာတို့တွင် ယနေ့ မနက်အစောပိုင်းနှင့် ညနေပိုင်း တို့တွင် တိုက်ပွဲများဆက် လက်ဖြစ်ပွားခဲ့ပြီး လွိုင်ကော်မြို့နယ် ပန်ကန်းရပ်ကွက်အထိ တိုက်ပွဲများ ဖြစ်ပွား ခဲ့ပါသည်။ ဒီးမော့ဆိုမြို့နယ် ရဲစခန်းအနီးတွင်လည်းတိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့တွင်ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ်တို့တွင် တိုက်ပွဲစုစုပေါင်း (၄) ကြိမ်ဖြစ်ပွားခဲ့ပါသည်။ဒေါပိုးစီကျေးရွာအတွင်း မနက် (၇း၀၀) နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီများကို ကရင်နီ တပ်မတော် (KA) နှင့် KNDF မှ ခုခံတိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ (၂)ဦး သေဆုံးက (၅) ဦး ဒဏ်ရာရခဲ့သည်။

ထို့အတူ ယနေ့ညနေပိုင်း ၃ နာရီ ၁၀ မိနစ်အချိန် ပန်ကန်းရပ်ကွက် ဘုန်းကြီးကျောင်းအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဘက်မှ တစ်ဦးသေဆုံးခဲ့ပါသည်။ ထို့အပြင် ယနေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် တွင် (၅) မိုင်နှင့် (၆) မိုင်အနီး သင်ချိုင်းတွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ (၂)ဦးဒဏ်ရာရခဲ့သည်။

ထိုတိုက်ပွဲအတွင်း မိမိတို့ဘက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရသော ထိခိုက် ဒဏ်ရာရခဲ့ပါသည်။ဒီးမော့ဆိုမြို့နယ် ရဲစခန်းအနီးတွင်လည်း ယနေ့ ည နေပိုင်း ၃ နာရီတွင် နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ (၂)ဦး အာပီဂျီ ထိမှန်ပြီး သေဆုံးခဲ့ပါသည်။ ယနေ့ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စုစုပေါင်း (၅) ဦး သေဆုံးပြီး (၇) ဦး ဒဏ် ရာ ရခဲ့ပါသည်။

ယင်းမာပင်တွင် စစ်သား ၉ ဦးသေဆုံး

===============================

နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် မြွေဟောက်ပြောက်ကျားတပ်ဖွဲ့ နှင့် မဟာမိတ်အဖွဲ့များ ဖြစ်သော ‘ဗျတ္တပြောက်ကျား တပ်ဖွဲ့၊ Democratic Guerrilla Force – DGF ၊ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့’ တို့နှင့်အတူ မဟာမိတ်တပ်ဖွဲ့ (၄)ခု စုပေါင်း၍ စကစ တပ်များကို တည်နေရာ – ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်လမ်းပိုင်း၊ နှစ်ထပ်ကွေ့အရှေ့ဘက်အတက် တွင် အဝေးထိန်းမိုင်း ၉လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ယာဉ်တန်းရှေ့ဆုံးမှ စစ်သား (၉) ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

မုံရွာ-အရာတော်လမ်းပိုင်းတွင် စစ်သား ၂၀ ထက်မနည်းသေဆုံး၊ အများအပြား ဒဏ်ရာရ

====================================================================

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများအား ဒေသကာကွယ်ရေးမဟာမိတ် ၇ ဖွဲ့မှ နိုဝင်ဘာလ ၂၃ ရက် တစ်ရက်အတွင်း ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ ရိက္ခာတင်သင်္ဘောနှင့် အမြန်​ရေယာဥ်ကို မင်းကင်း PDF က ပစ်ခတ်တိုက်ခိုက်

====================================================================

ချင်းတွင်းမြစ်အတွင်း သွားလာနေသော အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘော ၂ စီးနှင့် စက်သေနတ်တပ်ဆင်ထားသော အမြန်ယာဉ် ၁ စီးအား မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြစ်ရိုးအောက်ဒေသ) က ယနေ့ နေ့လယ် ၁ နာရီနှင့် ၂ နာရီကြားတွင် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး ရိက္ခာတင်သင်္ဘော ၁ စီး ထိခိုက်ပျက်စီးကာ မီးခိုးများထွက်ပြီး အခြားသင်္ဘော ၁ စီးဖြင့် ဆွဲခေါ်သွားရကြောင်း သတင်းရရှိသည်။

မုံရွာတွင် PDF စခန်းဖျက်ဆီးခံရပြီး ၃ ဦးအဖမ်းခံရ

=======================================

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သက္ကယ်ကျင်းကျေးရွာ၊ ကိုင်းတောကျေးရွာ၊ သပြေပင်စုကျေးရွာ၊ ဇီးကျွန်းကျေးရွာနှင့် ပလ္လင် ကျေးရွာများကို ယ နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၅နာရီက စတင်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ကျေးရွာများအနီးရှိ မုံရွာပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (MPDF) တပ်ခွဲစခန်း နှင့် မဟာမိတ်စခန်းတစ်ခု အပါအဝင် ဆိုင်ကယ် ၄ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ အဖွဲ့ဝင်တချို့ အဖမ်းခံရကြောင်း MPDF အဖွဲ့ထံမှ သိရသည်။

မြောင်မြို့တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်သား ၁၀ ဦးသေဆုံး

===================================================

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ယနေ့ မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း သိရှိရသည်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ ချောင်းဦးမြို့နယ်သို့ တက်လာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၄စီးပါ ယာဉ်တန်းကို ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် နံနက် ၁ဝနာရီခန့်တွင် ဆင်ဖြူရှင်- ချောင်းဦး လမ်းကြောတစ်နေရာတွင် ပြည်သူ့ကာကွယ် ရေး မဟာမိတ် ၄ဖွဲ့က ပဒေသာမိုင်း ၇ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဝဦးသေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့(MSPDF)အဖွဲ့ထံမှ သိရသည်။ ထိုတိုက်ခိုက်မှု ဖြစ်စဉ်၌ စစ်ကား(၂)စီး မိုင်းထိမှန်ကာ တစ်စီးမှာ နောက်ခြမ်းကို ထိမှန်ခဲ့ပြီး ကျန်တစ်စီးမှာ လုံးဝပျက်စီးသွားကာ နေရာတွင်ထားခဲ့ရကြောင်း သိရသည်။

ကလေးမြို့တွင် စစ်သား ၇ ဦးသေဆုံး

===============================

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မှန်တောကျေးရွာအနီး ခြေလျှင်ထွက်ခွာလာသော စစ်ကောင်စီ ၂၅ ဦး အဖွဲ့အား PDF-Kalay က ယနေ့နံနက်တွင် ခြုံခိုတိုက်ခိုက်၌ စစ်သား ၅ ဦးသေဆုံးကာ အဆိုပါ စစ်ကြောင်းအား CDF (ကလေး-ကဘော်-ဂန့်ဂေါ) တပ်ရင်း ၄ က ထပ်မံတိုက်ခိုက်ပြီး စစ်သား ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း CDF-KKG က သတင်းထုတ်ပြန်သည်။စစ်ကိုင်းတိုင်း မုံရွာမြို့ ​အေးရိပ်သာလမ်းပေါ်ရှိ အမှတ်(၂)ရဲစခန်းကို အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု (NPRF)က ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၅နာရီဝန်းကျင်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိသော်လည်း အရေအတွက် အတိအကျကို မသိရှိရသေးကြောင်း NPRF အဖွဲ့ထံမှ သိရသည်။အလားတူ ယမန်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် ပဲခူးမြို့ ပုဏ္ဏားစု(၁၄)လမ်း အနောက်ဖက်လမ်းထိပ်တွင် စစ် သား များနှင့် သတင်းပေးဒလန်များကို ပဲခူးBDFနှင့် ပဲခူးBGFညီနောင်မဟာမိတ်အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ အထိအခိုက်မသိရှိရသေးကြောင်း ဒေသ ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

မြင်းခြံတွင် စစ်သား ၁၀ ဦးသေဆုံး

============================

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်တွင် PDF ပူးပေါင်း ၄ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးပါအဝင် စစ်သား ၁၀ ဦးသေဆုံးသွားကြောင်း သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်ကျော်ယာဉ်တန်း ဒုတိယအကြိမ်အဖြစ် မိုင်း ၁၀ လုံး ဆွဲတိုက်ခိုက်ခံရ

================================================================================

အကြမ်းဖက်စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်ကျော် လိုက်ပါလာသည့် ယာဉ်တန်းကို နိုဝင်ဘာလ ၂၂ ရက် ယနေ့ ညနေ ၅ နာရီခန့်တွင် အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ PAFD က မိုင်း ၁၀ လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး​ရေးတက္ကသိုလ်မှ အပြန် ရွာသစ်ကြီးနှင့် နတ်ခရိုင်ကျေးရွာကြား အမှတ် ၃ အ ထည်စက်ရုံ (စစ်ကိုင်း) အနီးတွင် မိုင်း ၁၀ လုံးခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မော်တော်ယာဉ်များ မိုင်းထိမှန်သိဟုသိရပြီး လူထိခိုက်မှုအသေးစိတ် မသိရှိရသေးကြောင်း People’s Army to fight Dictatorship အဖွဲ့က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။စစ်ကိုင်းတိုင်း က လေး ဝမြို့နယ် ကလေးဝ-တန့်ဆည်-ရေဦးလမ်းပိုင်းတွင် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်မြတ်ကျော် စီးနင်းလိုက်ပါလာသည့်ယာဉ်တန်းကို နိုဝင် ဘာလ ၁၉ ရက်တွင် ကလေး၀ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s