လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် တရက်တည်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွား

ကရင်နီ (ကယား) ပြည်နယ်မှာ လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ နိုဝင်ဘာ ၂၃ ရက်နေ့ တရက်တည်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး သေဆုံးသွားပါတယ်။

လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက် ဘုန်းကြီးကောင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့  ကရင်နီပူပေါင်းတပ်တို့အကြား ညနေ ၃ နာ ရီကျော်က  တိုက်ပွဲဖြစ်ပွားခဲ့တာလို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ညနေ ၄ နာရီကျော်မှာလည်း ၅ မိုင်နဲ့ ၆ မိုင်အနီး သင်္ချိုင်းမှာ နောက်ထပ် နစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၇ နာရီလောက်မှာလည်း ဒီမော့ဆိုမြို့နယ်  ဒေါပိုးစီကျေးရွာအတွင်း စစ်ကောင်စီတွေကို ကရင်နီပူးပေါင်းတပ်က ခုခံတိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂ ဦး သေဆုံးသွားသလို ညနေ ၃ နာရီမှာလည်း ဒီးမော့ဆိုမြို့နယ် ရဲစခန်းနီး နစ်ဖက် အပြန်အလန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် ဒီကနေ့ တရက်တည်း စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ  ၇ ဦး ဒဏ်ရာရခဲ့သလို ကရင်နီပူးပေါင်းတပ်ဘက်က ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s