လွိုင်ကော် ခရစ်တော်ဘုရင်ဘုရားကျောင်းနှင့် ဆေးခန်းကို စစ်တပ်က စီးနင်းပြီးနောက် အခ မဲ့ဆေးကုသနေသော ပရဟိတ ဆရာဝန် ၄ ဦးနှင့်သူနာပြု ၁၄ ဦးကို အရေးယူမည်ဟု စစ်ကောင်စီထုတ်ပြန်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်းနှင့် ဂရုဏာ ဆေးခန်းကို စစ်တပ်က ဝင်ရောက်စီး နင်းပြီးနောက် အခမဲ့ ဆေးကုသပေးနေသော ဆရာဝန် ၄ ဦးနှင့် သူနာပြု ၁၄ဦးကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီက ယမန်နေ့ညက သတင်းထုတ်ပြန်သည်။

ခရစ်ယာန်ဘုရားကျောင်းတွင် ဆေးကုသပေးနေသူများသည် CDM ပြုလုပ်ထားသော မြို့ နယ်ကုသရေး ဦးစီးဌာနမှ ဆရာဝန် ၂ဦး၊ လွိုင်ကော် ပြည်သူ့ဆေးရုံးမှ သူနာပြု ၄ဦး ဖြစ်ကြောင်း၊ အခြား CDM ပြုလုပ်ခြင်းမရှိဘဲ အခကြေး ငွေရယူ၍ တရားမဝင် အချိန်ပိုင်း သွားရောက်လုပ် ကိုင်သူ လွိုင်ကော် ပြည်သူ့ဆေးရုံမှ သူနာပြုအကူ ၁ဝ ဦးပါဝင်ကြောင်း၊ CDM ပြုလုပ်ခဲ့သည့် ဆရာဝန်များနှင့် သူနာပြုများမှာ မတ်လတွင် ပုဒ်မ ၅ဝ၅(က)ဖြင့် အမှုဖွင့်လှစ်ထားခြင်း ခံရသူများ ဖြစ်ကာ ထွက်ပြေးတိမ်ရှောင်နေသူများဖြစ်သည့်အတွက် ဥပဒေရ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

CDM ပြုလုပ်ထားသော ဆရာဝန် ၂ဦးမှာ Dr ဖြိုးမောင်မောင်နှင့် Dr ဘာဘရာငယ်ငယ်တို့ဖြစ်ပြီး၊ CDM ပြုလုပ်ထားသော သူနာပြု ၄ဦးမှာ နော်ဖောမူး၊ စုစန္ဒီထွေး၊ ဒေါ်ဂျယ်မားနာ၊ နော်လွဲကပေါတို့ဖြစ်ကြောင်း၊ သူနာပြုအကူ ၁ဝ ဦးမှာ ကိုနိုင်သူရလင်း၊ ကိုမျိုးသန့်ဇင်၊ မနှင်းဝေ၊ ကိုစိုင်းသန်းထက်စိုး၊ မနန်းအေးမွန်ထွေး၊ ဖရန်စစ်စကာ၊ ချားမင်းဆက်၊ ကိုဖြိုးဟိန်းသူ၊ ကိုညီညီစု၊ မာနွေးလွယ်တို့ဖြစ်ပြီး ထို့ပြင် အလုပ်သင် ဆရာဝန် ၂ဦးဖြစ်သည့် Dr စောအီရယ်၊ Dr ဥမော်ဂေ့ဖိုးတို့ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထိုဆေးခန်းတွင် ဖာသာချဲလ်ဆိုဘရွှေ လွိုင်ကော် ကက်သလစ် သာသနာခေတ္တဂိုဏ်းအုပ်အပါအဝင် ဖာသာ ၁၃ဦး၊ စစ္စတာ ၁၃ဦးနှင့် ဆေးကုသ လူနာ စုစုပေါင်း ၄၈ဦးအပါအဝင် ကား ၄စီး ယာဉ်အမျိုးမျိုး ၁၄စီးအားတွေ့ရှိရပြီး တိုက်ပွဲများမှ ဒဏ်ရာရသူများ၊ ကျန်းမာရေး မကောင်းသူများကို တရားမဝင် ဆေးကုသမှုများ ဆောင်ရွက်လျက်ရှိသည်ဟု အကြမ်းဖက် စစ်ကောင်စီက စွပ်စွဲထုတ်ပြန်သည်။စစ်ကောင်စီက နိုဝင် ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်းနှင့် ဂရုဏာ ဆေးခန်းကို ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများလုပ်ဆောင်ခြင်းဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s