သရက်ချောင်းတွင် စစ်တပ်ပိုင် Mytel တာဝါတိုင် မိုင်းဆွဲဖြိုချခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊စော်ဖျားရွာတွင် ဖက်ဆစ်တပ်ပိုင် မိုင်တဲ တာဝါတိုင် တစ်ခု ယမန်နေ့ ညပိုင်း တွင် မိုင်းဆွဲဖြိုချခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။နိုဝင်ဘာ(၂၃)ရက်၊ ည၉နာရီခန့် စော်ဖျားရွာဘုန်းကြီးကျောင်းဝင်းအတွင်းရှိ မိုင်တဲတာဝါတိုင် မိုင်းဆွဲခံရခြင်းဖြစ် ကြောင်း ရွာသားတစ်ဦးက ပြောသည်။

“ဆွဲခံရတာ အသံအတော်ကျယ်တယ်။ အိမ်ပါတုန်တယ်။ တာဝါတိုင်တော့မလဲကျဘူး ။ သေနတ်အသံအချက် ၂၀ လောက်လည်းကြားရတယ်” ဟု၎င်းက ဆက်ပြောသည်။သရက်ချောင်းမြို့နယ်အတွင်း မိုင်တဲတာဝါတိုင်မိုင်းဆွဲခံရမှုဖြစ်စဉ်မှာ ယခုအကြိမ်အပါအဝင် လေးကြိမ်မြောက်ဖြစ်သည်။စော်ဖျားရွာ မိုင်တဲ တာဝါတိုင် ဖောက်ခွဲမှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့ကြောင်း အသိပေးထုတ်ပြန်ခြင်း မရှိသေးပါ။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s