အကြမ်းဖက် လူသတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အိန္ဒိယနိုင်ငံ၏ Republic Day စစ်ရေးပြ အခမ်းအနားဖိတ်ကြားဆိုသော သ တင်းမဟုတ်မှန်ဟု အိန္ဒိယအစိုးရ ပြော

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ ကျင်းပမည့် အိန္ဒိယနိုင်ငံ၏ Republic Day စစ်ရေးပြ အခမ်းအနားဖိတ်ကြားသည်ဆိုသော သတင်းများ မဟုတ်မှန်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန် ရှင်းလင်းပြောဆိုသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Arindam Bagchi က “Republic Day 2022 စစ်ရေးပြ အခမ်းအနားအတွက် ဧည့်သည်တော်အကြီးအကဲ ဖိတ်ကြားမယ့် စာရင်းကို မီဒီယာတွေက ခန့်မှန်းရေးနေတာတွေ့ပါတယ်။ အဲဒီမီဒီယာသတင်းတွေက အချက်အလက်အမှန်တွေကို အခြေခံမထားပါဘူး” ဟု ပြောဆိုသည်။

မင်းအောင်လှိုင်သည် အာဆီယံအစည်းအဝေးများမှ ဖယ်ထုတ်ခြင်းခံနေရပြီး ယခုလ ၂၂ ရက်နေ့ ကျင်းပခဲ့သည့် အာဆီယံ-တရုတ်အစည်းအ ဝေးတွင်လည်း တက်ခွင့်မရဘဲ ဖယ်ထုတ်ခြင်းခံထားရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s