အရာတော်မြို့နယ်တွင် ကိုမင်းနိုင်ကို စစ်ကောင်စီ တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာသား ကိုမင်းနိုင်ကို အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များက နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကိုမင်းနိုင် ဖွင့်လွှတ်ထားသော ရွာထိပ်စျေးဆိုင် တွင် အကြောင်းမဲ့ လာရောက် ဖမ်းဆီး ခေါ်ဆောင် သွားပြီး ထွက်ပြေးသည်ဟု ဆိုကာ ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ကိုမင်းနိုင်ကို သလဲဘာကျေးရွာ ပျူစောထီးအဖွဲ့ ခေါင်းဆောင် တောင်ကြီး ဆိုသူက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မူးမြစ်ထဲ ခုန်ချထွက်ပြေးသည် ဟုဆိုကာ ကျောက်ကုန်းရွာ အနီးရှိ သောင်ပြင်တွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။
” သူ့ကို NLD ပါတီ မဲဆွယ် တုန်းက ပါတယ်ဆိုပြီး အကြောင်းမဲ့ ရိုက်နှက်ဖမ်းသွားတာ ရဲကင်းမှာ သန့်ရှင်းရေးလုပ်ခိုင်းတော့ ကိုမင်းနိုင်က မလုပ်နိုင်ဘူးဆိုပြီး ရဲကင်းနဲ့ ကပ်နေတဲ့ မူးမြစ်ထဲ ခုန်ချပြီး တဖက်ကမ်းက ကျောက်ကုန်း ရွာကိုကူးပြေးတာကို ပျူ နဲ့ စစ်ခွေးတွေ ဆိုင်ကယ်တွေနဲ့ တဖက်ကမ်းကို လိုက်ဖမ်းတော့ သောင်ပြင်မှာ မိတယ်ပြောတယ်။
သူ့ကို အဲဒီသောင်ပြင်မှာပဲ ပစ်သတ်လိုက်ကြတာလို့ သိရတယ်။ ခေါင်းတချက်၊ ဗိုက်ကိုတချက်။ အလောင်းလာကောက်ရင် ပစ်သတ်မှာလို့ ကြိမ်းသွားတော့ ဘယ်သူမှ မကောက်ရဲကြဘူး။ အခုတော့ ရွာကတောင်းပန်ပြီးသဂြိုလ်ပြီးပါပြီ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ ကိုမင်းနိုင် သတ်ဖြတ်ခံရပြီးနောက် ပျူစောထီးများ နှင့် စစ်ကောင်စီ တပ်သားများက ၎င်းဈေးဆိုင်ရှိ အရက်၊ ဘီယာများ အပါအဝင် တန်ဖိုးရှိ ပစ္စည်းများကိုလည်း မွှေနှောက်ယူဆောင်သွားသေးကြောင်း သိရသည်။ khit thit