အရာတော်-မုံရွာကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ ၄ ကြိမ်မိုင်းဆွဲခံရ၍ သေဆုံးသူအများအပြားရှိဟုဆို

စစ်ကိုင်းတိုင်း၊ အရာတော်-မုံရွာကားလမ်းတွင် စစ်ကောင်စီတပ်ကို ယမန်နေ့ နိုဝင်ဘာလ ၂၃ရက်က လေးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးသူ အများအပြားရှိကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။ “ဖြစ်စဉ် တစ်၊ နှစ်၊ သုံး က နေရာတူတူပဲ။ အချိန်ပဲကွာသွားတာ။ သူတို့က ပထမတစ်ကြိမ် ဖြစ်တဲ့နေရာကို စစ်ကူလာတာ အဲဒီ အချိန်မှာ ဆွဲလိုက်တာ။ အများအပြား သေတယ်” ဟု ၎င်းက ပြောသည်။

မုံရွာမြို့မှ အရာတော်မြို့သို့လာသော စစ်ကောင်စီ၏ လိုက်ထရပ်ကား နှစ်စီးအနက် စစ်ကောင်စီတပ်သားများပါသည့် ရှေ့ကားအား ယမန်နေ့ နံနက် ၅နာရီ မိနစ် ၃၀ တွင် တုံးတင်ကန်အနီး၌ တစ်ဖက်ပွင့်ပြောင်း နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ငါးဦး သေဆုံးနိုင်ပြီး ထိခိုက်သူလည်း များနိုင်ကြောင်း ၎င်းက ပြောသည်။

ထို့နောက် တပ် (၃၆၉) (အရပ်ခေါ်သစ်ကျင်းကြီးတပ်) အတွင်းမှ အရာတော်မုံရွာလမ်းဘက် ထွက်လာသော ဆိုင်ကယ် လေးစီးအား နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် ဒုတိယအကြိမ်မြောက် မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်း ထန်‌ကြောင်း သိရသည်။

အရာတော်မြို့မှ ထွက်လာသောစစ်ကောင်စီ၏ အိမ်စီးကား သုံးစီးပါ ယာဉ်တန်း၏ နောက်ဆုံးကားအား နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် တတိ ယ အကြိမ်မြောက် မိုင်း တစ်လုံးဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးမှာ ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း ယမန်နေ့တွင် သပြေညိုပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်သည်။

ထိုဖြစ်စဉ် သုံးခုအား စစ်ဆေးရန် လာသည့် စစ်ကောင်စီတပ်သားများသည် မိုင်းတစ်လုံးတွေ့ရှိ၍ ဖြုတ်နေစဉ် ပေါက်ကွဲရာ ရှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ စစ်ဆင်ရေးကိုသပြေညို ပြောက်ကျားတပ်ဖွဲ့ မှ ဦးဆောင်၍ Knights Of The Red Land (KORL) ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Falcon Force (AF2)၊ တမန်တော် ပြောက်ကျား တပ်ဖွဲ့၊ Ayadaw Bone Naing PDF- (ABN-PDF)၊ People’s Guerillas Commendo-Myinmu နှင့် M.R.T.F တပ်ဖွဲ့ တို့ တော်လှန်ရေးညီနောင် ခုနှစ်ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s