ဧရာဝတီတိုင်း၌ နံပါတ်ပြားမပါသည့် ဆိုင်ကယ်နှင့်ကားများကို ကျပ် ၁ သိန်း ဒဏ်ရိုက်

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးပိုင်းက ဝန်ထမ်းတွေ မြို့အဝင် အထွက်ဂိတ်တွေမှာ ပိတ်ဆို့စစ် ဆေးတာတွေ ပိုမိုတင်းကျပ်ပြုလုပ်လာပြီး ဆိုင်ကယ်နဲ့ ကားတွေမှာ နံပါတ်ပြားမပါလာရင် ဒဏ်ငွေ ကျပ် ၁ သိန်းတောင်းနေတယ်လို့ သိရပါတယ်။ 

စစ်တပ်၊ ရဲတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး မြို့အဝင် အထွက် ဂိတ်တွေမှာ မနက် ၈ နာရီမှ ညနေ ၄ နာရီထိ ပိတ်ဆို့စစ်ဆေးတာဖြစ်ပြီး ဆိုင်ကယ်နဲ့ ကားတွေရဲ့ နံပါတ်တွေကို အဓိက စစ်ဆေးမှတ်တမ်းယူနေတာဖြစ်တယ်လို့ ကုန်ကားမောင်းသူ တဦးက ပြောပါတယ်။

“ပိုက်ဆံတောင်းတာက ဒီလို နံပါတ်ပြားမပါတာတွေကို ဆောင်ခိုင်းတာ သိတဲ့အတိုင်းပေါ့။ မပါလာတဲ့သူတွေက အိမ်ပြန်မှာရတာပေါ့။ ဆက်မသွားခိုင်းဘူး။. နံပါတ်ပြားမပါလာရင်တ သိန်းတောင်းတာ။”

ဆိုင်ကယ်နဲ့ ကားတွေမှာ နံပါတ်ပြားပါမလာရင် ငွေကျပ်  ၁ သိန်းတောင်းသလို ပိုက်ဆံမပေးရင် ထောင် ၃ လချမယ် ဆိုပြီး ခြိမ်းခြောက်တာမျိုးတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီခန့်ထားတဲ့ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဘက်ကတော့ သူတို့ဟာ ရန်ကုန်ဘက်က ဝင်လာမယ့်  တော်လှန်ရေးသမားတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ခုလို ပိတ်ဆို့ရှာဖွေတာလို့  သတင်းထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s