ကချင်ပြည်နယ်က အခြေခံပညာကျောင်းအ ချို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုများ ရှိနေ

ကချင်ပြည်နယ် မြို့နယ်အချို့ရှိ အခြေခံပညာကျောင်းတွေက  ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာတွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့၊ တနိုင်းမြို့နဲ့ ဝိုင်းမော်မြို့တွေက အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာမတွေဆီမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာလို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“တနိုင်း အထက ၁ မှာ အလယ်တန်းပြ ဆရာမတစ်ဦးရယ်၊ ကျောင်းသားသုံးဦးရယ်၊ တွေ့တယ်။ ဝိုင်းမော် အထက ၁ မှာလည်း ဆဋ္ဌမတန်းကျောင်းသားတစ်ဦးနဲ့ မြစ်ကြီးနား အထက ၁ မှာ ဆရာမ တစ်ယောက်ရယ်၊ ကျောင်းသား သုံးဦးရယ်  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရတယ်။ ဒါ ဒီရက်ပိုင်းအတွင်း စစ်တာ” လို့ ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ အခြေခံပညာ အထက်တန်း ကျောင်းတွေဟာ ကျန်းမာရေးဌာနက စစ်ဆေးပေးခဲ့ပြီးဖြစ်ပေမယ့် ရောဂါကူးစက်ခံရသူတေါ တွေ့ရှိရတာဖြစ်ပါတယ်။

ရောဂါပိုးကူးစက်ခံရသူတွေကို အချို့မြို့နယ်တွေက ဆေးရုံမှာ ကုသပေးနေပြီး အချို့ မြို့နယ်တွေမှာတော့ Home Quaratatine ထားရှိပေးထားကာ စာသင်ကျောင်းပိတ်ဖို့ အစီအစဉ်မရှိကြောင်း ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူဆီက သိရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကူးစက်တဲ့ အချိန်ကစတင်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့ထိ သေဆုံးသူ ၈၈၀ ကျော်နဲ့ ရောဂါကူးစက်ခံရသူ နှစ်သောင်းတစ်ထောင်ကျော် ရှိပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၁၉,၇၃၁ ယောက်နဲ့ သေဆုံးသူအရေအတွက်ကတော့ ၁၉,၀၄၉ ယောက် ရှိနေပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s