ကချင်ပြည်နယ် ကျောင်းအချို့တွင် ဗုံးပေါက် ကွဲမှုနှင့် မီးကွင်းပစ်မှုများဖြစ်ပွား

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်က အခြေခံပညာ အထက်တန်းကျောင်းတွေမှာ နိုဝင်ဘာ ၂၄ ရက်က ဗုံးပေါက်ကွဲမှုနဲ့ မီးကွင်းပစ်မှုတွေတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။      

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာက အ.ထ.က (ခွဲ) မှာ မနက် ၆ နာရီခွဲ လောက်နဲ့ ၈ နာရီခွဲလောက် အသံမှိုင်း နှစ်ကြိမ် ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အသံမိုင်း  ပထမတစ်လုံးကွဲတယ်၊ နောက် နှစ်နာရီလောက်ခြားပြီး တစ်လုံးထပ်ကွဲတယ်။ လူထိခိုက်တာတော့ မရှိဘူး။ အသံတော့ကျယ်တယ်။” 

မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့နယ် အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းမှာလည်း ည ၇ နာရီ လောက်က မီးကွင်းပစ် မီးရှို့ခံရတယ်လို့ သိရပါတယ်။

အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းကို ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက မီးကွင်း လာရောက်ပစ်သွားတာလို့လည်း မျက်မြင်ဒေသခံတွေက ပြောပါတယ်။

“ည ၇ နာရီလောက် ဆိုင်ကယ်နဲ့ အမျိုးသားနှစ်ဦး ကျောင်းအနောက်ဆောင်ကို မီးကွင်း လာပစ်သွား တာ။ ပတ်ဝန်းကျင်ကသူတွေ မြင်လိုက်လို့ အချိန်မီငြိမ်းလိုက်နိုင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောင်းဆောင်ဝင်းအတွင်း မီးကွင်းအပစ်ခံရတာကို  ကျောင်းအနီးတဝိုက်က ပြည်သူတွေ ငြှိမ်းသတ်ခဲ့တဲ့အတွက် အနည်းငယ်သာ လောင် ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s