စစ်ကောင်စီ ဆီတင်ယာဉ်တန်း မိုင်းခွဲခံရမှုကြောင့် ၇ ဦးသေဆုံး

မကွေးတိုင်း မြိုင်မြို့နယ်လက်ပံတို ရေနံမြေကနေ သယ်ဆောင်လာတဲ့ စစ်ကောာင်စီ ရေနံ ဆီဘောက်ဆာ ယာဉ်တွေနဲ့ လုံခြုံရေး ယူလာတဲ့ယာဉ်ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၇ ဦးသေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မြိုင်မြို့နယ် လက်ပံတိုရေနံမြေက ယာဉ်တန်း ၁၀ စီးကို နိုဝင်ဘာ ၂၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက်က ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

ယာဉ်တန်းကို လက်ပံတို- အရာတော်လမ်းပေါ်မှာ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDFနဲ့ မြိုင် PDF အဖွဲ့ခွဲ မြေခွေးပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရှော့တိုက်ဒုံးတွေ၊ အဝေးထိန်း မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  သတင်းပြန်ကြားရေးနဲ့ ပြင်ပ ဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။

ဆီဘောက်ဆာယာဉ်တစ်စီး၊ စက်ကလေးတင်ဆောင်လာတဲ့ ယာဉ် ၁ စီး ထိခိုက်ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဆီသယ်ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s