စစ်တပ် ဦးပိုင်ကုမ္ပဏီက ဂျပန်Kirinနှင့် ဖက် စပ်လုပ်ကိုင်နေသော မြန်မာဘီယာလုပ်ငန်းနှင့်ပိုင်ဆိုင်မှုများကို အပိုင်စီးနိုင်ရန်အတွက် စစ် တပ်လက် အောက်ရှိ တရားရုံးသို့ ဦးတိုက် လျှောက်

စစ်တပ်၏ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက်သည် ဂျပန်KIRIN နှင့် အကျိုးတူဖက်စပ်လုပ်ကိုင်လျက်ရှိနေသော မြန်မာဘရူဝါရီလုပ်ငန်းအား ဖျက်သိမ်းရန် တရားရုံး၌ လျှောက် ထားခြင်းဖြင့် မြန်မာဘီယာထုတ်လုပ်ရေး လုပ်ငန်းတစ်ခုလုံးကို အပိုင်စီးရန် ကြိုးပမ်းလိုက်ကြောင်း Kirin ကုမ္ပဏီဘက် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်လုပ်ရပ်များနှင့် အကျင့်ပျက်ခြစားစေမှုများအား ငွေကြေးထောက်ပံ့နိုင်ရန် လူသတ်စစ်တပ်မှ ယခုကဲ့သို့ လုပ်ငန်း လွှဲပြောင်းသိမ်း ပိုက်မှုတွင် Kirin Holdings အနေဖြင့် ၄င်းတို့၏ ရန်ပုံ ငွေ၊ ပိုင်ဆိုင်မှုများနှင့် အကျိုးအမြတ်ကြီးမားသည့် ဘီယာအမှတ်တံဆိပ် တို့အား မည် သို့ ကာကွယ်တာဆီးမည်ကို Justice for Myanmar က မေးမြန်းရာ Kirin သည် ၎င်းတို့၏ စီးပွားရေးမိတ်ဖက်ဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ စတင် လုပ်ဆောင်ခဲ့သည့် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုဆိုင်ရာ အသေးစိတ် အချက်အလက် များကို ထုတ်ပြန် ကြေညာခဲ့သည်။

ဦးပိုင်၏ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် လျောက်ထားမှုအား ပယ်ချပေးရန် KIRIN က တောင်းဆိုသွားမည်ဖြစ်ပြီး ဦးပိုင်နှင့်လက်တွဲလုပ်ကိုင်လျက်ရှိသော စီးပွားရေးလုပ်ငန်းမှ Kirin ကပါဝင်မှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာဘရူဝါရီကို ဦးပိုင်ကထိန်း ချုပ်ရန်ကြိုးပမ်းမှုကို တားဆီးရန်နှင့် ပိုင်ဆိုင်ငွေများကို အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် စစ်တပ်လက်သို့ မလွှဲပြောင်းကြောင်း သေချာစေရန်တို့အတွက် Kirin သည် နိုင်ငံတကာခုံသမာဓိ တရားစီရင်ရေး အပါအဝင် ရရှိနိုင်သော အစီအမံအားလုံးကို လုပ်ဆောင်ရမည်ဖြစ်သည်ဟု Justice for Myanmar က အကြံပြုထားသည်။

မြန်မာဘရူဝါရီ၏ ရန်ပုံငွေနှင့် ပိုင်ဆိုင်မှုများကို ဦးပိုင်မှ သိမ်းယူမည်ဆိုပါက ၎င်းတို့အား စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများတွင် ငွေကြေးထောက်ပံ့ရန်အတွက် အသုံးပြုသွားမည်သာဖြစ်သည်။ ထိုသို့သောကိစ္စများ ပေါ်ပေါက်၍ မရကြောင်း၊ မြန်မာဘရူဝါရီ၏ ပိုင်ဆိုင်မှုများနှင့် စစ်တပ်စီးပွားရေးလုပ်ငန်းစုများ၏ ပိုင်ဆိုင်မှုအားလုံးသည် လက်ရှိ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကကိုယ်စားပြုနေသော မြန်မာပြည်သူများနှင့်သာ သက်ဆိုင်မည်ဖြစ်ကြောင်း Justice for Myanmar က ထုတ်ပြန်သည်။ Kirin သည် မြန်မာဘရူဝါရီ ၏အနာ ဂတ်နှင့်ပတ်သက်သော ဆုံးဖြတ်ချက်အားလုံးကို NUG မှ သဘောတူကြောင်း သေချာစေရပါမည်ဖြစ်ကြောင်း၊ Kirin အနေဖြင့် မြန်မာပြည် သူလူထုအပေါ် ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်သလို၊ လူ့အခွင့်အရေးများ လိုက်နာမှုရှိစေရေး အလေးဂရုပြု လုပ်ဆောင်ရမည် များကိုလည်း အကောင်အထည်ဖော်ရမည်ဖြစ်ပြီး၊ မြန်မာစစ်တပ်ရာဇဝတ်ဂိုဏ်းနှင့် ပတ်သက် ဆက်နွယ်မှု အားလုံးကို တာဝန်သိစွာဖြင့် ချက်ချင်း ဖြတ်တောက်ရမည်ဖြစ်ကြောင်း JFM က ဆိုသည်။

စစ်တပ်ဦးပိုင်က မြန်မာဘရူဝါရီကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းရန် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ(၁၀)ရက်တွင် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း၊ Myanmar Brewery ကုမ္ပဏီ၏ ရှယ်ယာ (၅၁) ရာခိုင် နှုန်းကို ဂျပန် Kirin ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း (၅၆၀) ကျော်ဖြင့် ၂၀၁၅ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းကုမ္ပဏီက မြန်မာဘီယာ၊ Myanmar Premium ဘီယာများအပြင် KIRIN ICHIBAN ဘီယာ၊ Myanmar Lager ဘီယာ၊ Andaman Gold ဘီယာ နှင့် Black Shield Stout ဘီယာ တို့ကို ထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s