ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာလုပ်သား ၁၈၄ ဦး ဖမ်းဆီးခံရ

မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ ဖုတ်ဖရမြို့နယ်စပ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၈၄ ယောက်ကို  နိုဝင် ဘာလ ၂၄ ရက် ည ၁၁ နာရီခွဲမှာ ထိုင်းအာဏာပိုင်တွေက  ဖမ်းဆီးလိုက်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ မြဝတီမြို့တောင်ဘက် ကျောက်ခက်ရွာအနီးကနေ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်သွားပြီး  နယ်စပ်နဲ့  ၂ ကီလိုအကွာဝေးလောက်မှာ ထိုင်း စစ်တပ်၊ နယ်မြေလုံခြုံရေးတပ်တွေနဲ့ ဌာနဆိုင်ရာအဖွဲ့စုံ ပူးပေါင်းဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား ၁၁၁ ယောက်နဲ့ အမျိုးသမီး ၇၃ ယောက် စုစုပေါင်း  ၁၈၄ ယောက်ကို ထိုင်းကျန်း မာရေးဌာနက ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးပေးထားပါတယ်။

ဒီနောက် ထိုင်းနိုင်ငံကို တရားဝင် အထောက်အထား စာရွက်စာတန်းမပါရှိဘဲ ဝင်ရောက်လာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ ဥပဒေအတိုင်းအရေးယူနိုင်နိုင်ဖို့ ဖုတ်ဖရမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်။

မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စီးပွားရေးကျဆင်း အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာရွေ့ပြောင်းအ လုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲမှာ အလုပ်သွားလုပ်ဖို့  နည်းလမ်းပေါင်းစုံနဲ့  နယ်စပ်ဖြတ်ကျော်ဖို့ဝင်ရောက်နေကြတာမှာ နေ့စဉ်ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s