ဒီးမော့ဆိုတိုက်ပွဲတွင် KNDF တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်ကျေးရွာအနီးက ဟိုဖိတ်ကျေးရွာမှာ  နိုဝင်ဘာ ၂၅ ရက် ဒီနေ့ မနက် အစောပိုင်းက စစ်ကောင်စီတပ်နဲ့ KNDF တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF တပ်ဖွဲ့ဝင် ၄ ယောက် ကျဆုံးသွားတယ်လို့   KNDF ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။

ဒီမနက် ၅ နာရီကျော်လောက်က  စစ်ကြောင်းထိုးလားတဲ့စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာမှာ အခုလို ကျဆုံးခဲ့တာဖြစ်ပါတယ်။ 

KNDF ပြောခွင့်ရသူက “ မနက် အစောကြီးကတည်းက ပစ်ကြတာ။ ၅ နာရီကျော်လောက်ကတည်းက  မနက် ၅ နာရီကျော်မှာ စပြီးတော့ ပစ်တယ်။ မနက် ၉ နာရီမထိုးခင်မှာ ပြီးတယ်။ လက်နက်ကြီးတော့ အများကြီး ပစ်တာပေါ့လေ၊ အမြောက်တပ်ကကော။ ၄ ယောက်ကျတယ်၊ KNDF က။ ရန်သူဘက်  အခြေအနေတော့ ဘာမှ မသိရဘူး။ စစ်ကောင်စီက စစ်ကြောင်းထိုးလာတာ။ ပြီးတော့ ထိပ်တိုက်ဖြစ်တာ။ ”လို့ ပြောပါတယ်။

ကျဆုံးသွားတဲ့ KNDF တပ်ဖွဲ့ဝင် ၄ ဦးဟာ တပ်ရင်း ၉ ကဖြစ်ပြီး နာမည်အတိအကျတော့ မသိရသေးပေမယ့် သူတို့ကို မနက်ဖြန် သင်္ဂြိုဟ်ဖို့  အစီအစဉ်ရှိပါတယ်။ 

နိုဝင်ဘာ ၂၃ ရက်ကလည်း လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ တရက်တည်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅  ယောက်  သေဆုံးသွားပါတယ်။  DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s