နိုင်ငံပေါင်း ၅၁ နိုင်ငံ ပါဝင်သည့် ၁၃ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး မင်းအောင်လှိုင်ကို မဖိတ်၍ မတက်တော့ဟု စစ်ကောင်စီအကြောင်းပြန်

နိုဝင်ဘာလ ၂၅ ရက်နေ့မှ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပသည့် ၁၃ ကြိမ်မြောက် အာရှ- ဥရောပထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုဘဲ နိုင်ငံရေးနယ်ပယ်မှ မဟုတ်သူတစ်ဦးကို တက်ရန် ဖိတ်ကြားခဲ့ရာ စစ်ကောင်စီက အစည်းအဝေး မတက်တော့ဟု အကြောင်းပြန်ကြောင်း သိရှိရသည်။

၁၃ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် ကမ္ဘောဒီးယားနိုင်ငံက ကျင်းပခြင်းဖြစ်ပြီး မင်းအောင်လှိုင်ကို အ စည်း အဝေး တက်ခွင့်မပြုဘဲ နိုင်ငံရေးနယ်ပယ်မှမဟုတ်သူတစ်ဦးကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက မင်းအောင်လှိုင်ကို မဖိတ်၍ အစည်းအဝေးသို့ ကိုယ်စားလှယ် မလွှတ်တော့ဟု ကမ္ဘောဒီးယားကို အကြောင်းကြားခဲ့ကြောင်း ဘန် ကောက်ပို့စ်သတင်းတစ်ရပ်အရ သိရှိရသည်။

မင်းအောင်လှိုင်သည် အာဆီယံ ထိပ်သီးအစည်းအဝေး၊ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ယနေ့ စတင်ကျင်းပသည့် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးများတွင် တစ်ခုမှ တက်ခွင့်မရဘဲဖြစ်နေရာ နိုင်ငံတကာက မင်းအောင်လှိုင်နှင့်စစ်ကောင်စီကို အသိအမှတ်မပြုမှု တစ်နေ့ တစ်ခြား ထင်ရှားလာသည်ဟု နိုင်ငံရေး အကဲခတ်များက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s