ပဲခူး၊ တနင်္သာရီနှင့် စစ်ကိုင်းတို့တွင် ပြည်သူ ၂၀ ဦးထက်မနည်းကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီး၊ နေအိမ်များ လိုက်လံ ချိတ်ပိတ်

ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ ၁၀ ဦးထက်မနည်းကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့တွင်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပြည်မြို့တွင် အသက် ၁၇ နှစ်အရွယ် မောင်ပြည့်ဖြိုးပိုင်ကို ဖမ်းဆီး

=============================================

ပဲခူးတိုင်း၊ ပြည်မြို့ ၊ ကိုးသောင်းပဒေသာရပ်ကွက် (၆)လမ်းတွင် နေထိုင်သည် မောင်ပြည့်ဖြိုးပိုင်ကို နိုဝင်ဘာ ၂၄ ရက် နေ့လယ် ၁၂ နာရီခန့်တွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်မှ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောကြားသည်။ မောင်ပြည့်ဖြိုးပိုင်မှာ အသက် ၁၇ နှစ် ဝန်းကျင်သာ ရှိသာ ရှိပြီး အသက်မပြည့်သေးကြောင်း၊ မောင်ပြည့်ဖြိုးပိုင်၏ ဖုန်းကို သိမ်းယူသွားကြောင်းနှင့် မိခင်ဖြစ်သူမှာ အလွန်စိတ်ပူပင်နေကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရှိရသည်။ အကြမ်းဖက် ဖက်ဆစ် စစ်တပ်မှ မည်သည့်အတွက်ကြောင့် အသက်မပြည့်သေးသည့် မောင်ပြည့်ဖြိုးပိုင်ကို ဖမ်းဆီးသွားသည်ကို မသိရှိရသေးပေ။

ထားဝယ်ခရိုင်တွင် မတရားဖမ်းဆီးခံရသူ ၁၃ ဦးရှိလာ

=========================================

ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ကျေးရွာတွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်မှ နိုဝင်ဘာ ၂၄ နံနက် ၃ နာရီဝန်းကျင်တွင် လှည့်ကုန်း(၂) ရပ်ကွက်နေ ဦးအောင်စိုးနှင့် ခွေးမဖော်ရွာနေ ကိုသက်ကိုဦးတို့ကို ၎င်းတို့၏ နေအိမ်တွင် ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြော ဆိုသည်။မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရှိရကြောင်း မိသားစုဝင်များက ပြောဆိုသည်။လက်ရှိအချိန်အထိ ထားဝယ်ခရိုင် ကံပေါက်တိုက်နယ်အတွင်း ဖမ်းဆီးခံထားရသည့် အပြစ်မဲ့ပြည်သူ ပေါင်း(၉)ဦးအထိ ရှိလာပြီဖြစ်သည်။အလားတူ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၂ နာရီ ၃၀ မိနစ်အချိန် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ဒေသ ထိန်ကြီးကျေးရွာမှ CDM ကျောင်းဆရာ နေဇာဟိန်း အပါအဝင် ပြည်သူ ၃ ဦးကို ဖမ်ဆီးထားကြောင်း သိရှိရသည်။ ကံပေါင်တိုက်နယ်အတွင်း နို၀င်ဘာ ၂၁ ရက် ညပိုင်းကလည်း အပြစ်မဲ့ ပြည်သူ ၈ ဦးကို ဖမ်းဆီးသွားသည့်အတွက် လက်ရှိအချိန်အထိ ထားဝယ်ခရိုင်တွင် ဖမ်းဆီးခံထားရသူ ၁၃ ဦးအထိ ရှိလာပြီဖြစ်သည်။

ထားဝယ်တွင် အိမ်များ ချိတ်ပိတ်ခံရ

==========================

ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်၊ အောက်ရေဖြူကျေးရွာအုပ်စု ဝံတွင်းရွာရှိ ကိုသူရစိုး(ခ)ဟိန်းထက်နေအိမ်ကို ဖက်ဆစ်ကောင်စီ က ယမန် နေ့ ညနေပိုင်းက ချိတ်လာပိတ်ခဲ့ကြောင်း သိရှိရသည်။ နိုဝင်ဘာ(၂၄)ရက်၊ ညနေ(၄)နာရီခွဲခန့်တွင် ဖက်ဆစ်တပ်သားအင်အား(၆၀)ခန့်၊vigo ကား (၅)စီးဖြင့်ရောက်လာပြီး တနင်္သာရီတိုင်း၊ လူငယ်ရေးရာ အတွင်းရေးမှူးဟောင်း ကိုသူရစိုး၏ နေအိမ်ကိုချိတ်ပိတ်ခဲ့သည်။”စစ်သားတွေလာရှာတော့လူမတွေ့လို အိမ်ကို ချိတ်ပိတ်ခဲ့တယ်”ဟုရွာသားတစ်ဦးကဆိုသည်။ ကိုသူရစိုးမှာ ယခင်က၎င်း၏ဥယျာဥ်ခြံအတွင်း လူငယ်ရေး ရာစင်တာဖွင့်လှစ်၍ လူငယ်ဖွံ့ဖြိုးသင်တန်းများပေးခဲ့ သည်။ အဆိုပါစင်တာကို အာဏာသိမ်းဖက်ဆစ်ကောင်စီက အဓမ္မပိတ်သိမ်းခဲ့သည်။ လောင်းလုံးမြို့နယ်၊ ဂေါ့အင်းရွာအနီး ကြယ်တောင်တိုက်ပွဲအပြီး အထိနာခဲ့သည့် ဖက်ဆစ်ကောင်စီသည် လောင်းလုံးမြိုနယ်၊ မင်းရပ်ရွာရှိ တ နင်္သာရီတိုင်း အစိုးရအဖွဲ့ NLD စိုက်မွေးဆည် ဝန်ကြီးဦးမြင့်စန်းနေအိမ်နှင့် ကျောက်ဆင်ရွာရှိ NLD တိုင်းလွှတ်တော်အမတ် ဦးဗိုလ်ထွေးတို့ ၏ နေအိမ်များအား နိုဝင်ဘာ(၂၃)ရက်ညပိုင်းတွင် ချိတ်ပိတ်ခဲ့သည်။

ခင်ဦးတွင် အပြစ်မဲ့ တောင်သူ ၇ ဦး အကြမ်းဖက် ဖက်ဆစ် စစ်တပ် ဖမ်းဆီး

=====================================================

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာတွင် တောင်သူ ၇ ဦးကို နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်မှ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောကြားသည်။အဆိုပါ တောင်သူ ၇ ဦးမှာ NLD ပါတီ ထောက်ခံသူများ ဖြစ်သော်လည်း လက်ရှိတွင် မည်သည့် အဖွဲ့အစည်းနှင့်မှ ပါဝင်ပတ်သက်မှု ရှိသည်ဟု မကြားသိရကြောင်း၊ လယ်ထဲသွားရင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ပျဉ်ထောင်ကျေးရွာတွင် ရွာသားများကို PDF ဟု စွတ်စွဲကာ သတင်းပေးဖမ်းဆီးနေသည့် အကြမ်းဖက် ဖက်ဆစ် စစ်တပ် သတင်းပေး ပျူစောထီးများ ရှိနေပြီး လက်ရှိအချိန်အထိ ကျေးရွာအတွင်း NLD ထောက်ခံသူ ၁၅ ဦးကျော် အဖမ်းခံထားရကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s