မုံရွာ ဆည်မြောင်းရုံး၊ အမှတ် ၂ ရဲစခန်းနဲ့ အ မှတ် ၁ အထပ်သားစက်ရုံတို့တွင် ဗုံးပေါက်ကွဲ

စစ်ကိုင်းတိုင်း မုံရွာမြို့ ဆည်မြောင်းရုံး၊ အမှတ် ၂ ရဲစခန်းနဲ့ အမှတ် ၁ အထပ်သားစက်ရုံတို့မှာ နိုဝင်ဘာ ၂၄ ရက်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက မုံရွာမြို့ သလ္လာဝတီရပ်ကွက်ရှိတဲ့ ဆည်မြောင်းရုံးနဲ့ စက်မှုဇုန်ရပ်ကွက် အမှတ် ၂ ရဲစခန်းတို့မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖောက်ခွဲမှုတွေကို Monywa Young People Group (MYPG), Red Code Revolution (RCR), Northwest Plains Revolutionary Forces-NPRP တို့က ပြုလုပ်ခဲ့တယ်လို့ MYPG အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့  ပျက်စီးဆုံးရှုံးနိုင်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မုံရွာမြို့နယ် အိုးဘိုတောင်ရပ်ကွက် အမှတ် ၁ အထပ်သားစက်ရုံမှာ နိုဝင်ဘာလ ၂၄ မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “မနက်ပိုင်း ၉ နာရီဝန်းကျင်ခန့်က ဗုံး ၃ လုံးဆင့်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်။ မန်နေဂျာအမျိုးသမီး ထိမှန်ပြီး ဒဏ်ရာရခဲ့တယ်” လို့ ပြောပါတယ်။

အထပ်သားစက်ရုံ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ မသိရှိရသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s