မုံးကိုး၊ ချင်ချိုင့်ထန်တောင်ကုန်း၌ စစ်ကောင်စီတပ်နှင့် MNDAA ကြား ၄ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီမှ အနည်းဆုံး ၃ ဦး သေဆုံး၊ MNDAA ထိန်းချုပ်ရာဒေသအများအပြားတွင် တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးခရိုင်၊ ချင်ချိုင့်ထန်တောင်ကုန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် MNDAA တပ်ဖွဲ့ကြား နိုဝင်ဘာလ ၂၄ ရက် ယမန်နေ့ နေ့လယ် ၁၁ နာရီ ၅၂ မိနစ်မှ စတင်ကာ ၄ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၃ ဦးကျဆုံးကြောင်း၊ MNDAA ဘက်မှ ၁ ဦး ဒဏ်ရာရကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang က ရေးသားဖော်ပြသည်။

စစ်ကောင်စီသည် ကိုးကန့် MNDAA ရှိရာ မန်ရန်ဒေသနှင့် ရှိကျိကျတောင်တန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တစ်ရက်အတွင်း လက်နက်ကြီးကျည် စုစုပေါင်း (၁၂၀)ကျော်ပစ်ခတ်ခဲ့ပြီး ကိုးကန့်MNDAA ဘက်မှ (၂)ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ခလရ ၄၁ သည် ကိုးကန့်အထူးဒေသ ၁ မုံးကိုးခရိုင်အတွင်းရှိ တပ်စခန်း ၁ ခုသို့ နံနက် ၁၀ နာ ရီ ၃၅ မိနစ်တွင် ချဉ်းကပ်လာသည့်အတွက် MNDAA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အလားတူ နမ်လောဒေသ အနောက်ဘက် တောင် ကုန်းကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ထပ်မံကြားဖြတ်တိုက်ခိုက်ပြီး မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း The Kokang က ရေး သားထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s