ရန်ကုန်တောင်မြောက်လမ်းဆုံအနီးရှိ ရဲစခန်းကို အမည်မသိ အဖွဲ့တစ်ခုက လက်နက်ဖြင့် ပစ်ခတ်မှု ရဲတစ်ဦး သေဆုံး၊ ဗုံးပေါက်ကွဲသံများလည်း ထွက်ပေါ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ တောင်မြောက်လမ်းဆုံးအနီးရှိ ရဲစခန်းကို ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် အမည်မသိ အဖွဲ့တစ်ခုက သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားပြီး ရဲတစ်ဦး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်များနှင့်ဒေသခံများ၏ ပြောဆိုချက် အရသိရှိရသည်။
“ရဲစခန်းကို လမ်းပေါ်ကနေ ပစ်သွားတာ။ အစောင့်ရဲတစ်ဦး သေတယ်ကြားတယ်ဗျ။ အခုတော့ လုံခြုံ ရေး တွေ အရမ်းရှုပ်နေပြီ။ ပစ်တဲ့အချိန်တုန်းက သေနတ်သံ တော်လျှောက်ကြားရတာ။ တောက်လျှောက် ဆွဲပစ်တဲ့အသံဗျ” ဟု တောင်ဒဂုံ၊ တောင်မြောက်လမ်းဆုံအနီး နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။ ဒေသတင်းရင်းမြစ်ဖြစ်သည့် South Dagon Information Team က တောင်/မြောက်လမ်းဆုံ ရဲစခန်းကို အမည်မသိ အဖွဲ့တစ်ခုက ယနေ့မွန်းလွဲပိုင်း ၁၂နာရီကျော်ခန့်အချိန် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ရဲစခန်းအတွင်းမှလည်း ပြန်လည်ပစ်ခတ်မှု ရှိခဲ့ကြောင်း သတင်းဖော်ပြသည်။
အလားတူ တောင်ဒဂုံတွင် ယနေ့ မွန်းလွဲ ၂ နာရီကလည်း အလွန်ကျယ် လောင်သော ဗုံးပေါက်ကွဲသံကြားရကြောင်း ဒေသခံများက ပြောဆိုသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း တောင်ဒဂုံ ရဲလိုင်းခန်းများနှင့် ဝန်ထမ်းလိုင်းခန်းများအနီးတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဆိုသလိုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။khit thit