ရန်ကုန်၊ မန္တလေး ၊ စစ်ကိုင်းနှင့် မကွေး အဓိက မြို့ကြီးများတွင် စစ်တပ်ကို ခုခံတိုက်ခိုက်မှု များပြား၊ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦး သေဆုံး

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့်မကွေး အဓိက မြို့ကြီးများတွင် စစ်တပ်ကို ခုခံတိုက်ခိုက်မှု များပြားလျက်ရှိပြီး နိုင်ငံတစ်ဝန်း စစ်သား ၃၆ ဦး သေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က ယနေ့ စာရင်းကောက်ခံရရှိသည်။

ရန်ကုန်တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲ

=============================

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ရှေ့တွင် ယနေ့ နိုဝင် ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီ ၂၀ မိနစ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရှိရသည်။နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန် သန်လျင်မြို့ မြဝတီဘဏ် ရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံယူသည့်နေရာနှင့် မလှမ်း မကမ်းတွင် အဝေးထိန်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်သားများ အ လန့်တကြားထွက်ပြေးကြပြီး ခဏအကြာမှ အင်အားအများအပြားဖြင့် ပိတ်ဆို့ စစ်ဆေးကြကြောင်း သိရှိရသည်။အလားတူ ယနေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီခွဲအကြား ဒဂုံမြို့သစ်တောင် ပိုင်းနှင့် မြောက်ပိုင်းရှိ ရဲနှင့်ဝန်ထမ်းလိုင်းခန်းများတွင် ဗုံးများပေါက်ကွဲကြောင်း သိရှိရသည်။တောင်ဒဂုံ၊ အမှတ် ၂ လမ်းပေါ် က ထောက်ပို့ ဝန်ထမ်းလိုင်းခန်းတွင် ဗုံးတစ် လုံး၊ တောင်မြောက်လမ်းဆုံ ရဲလိုင်းခန်းတွင် ဗုံးတစ်လုံး၊ ဧရာဝဏ်ရဲလိုင်းခန်းတွင် ဗုံး ၂ လုံး မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီခွဲအကြား ပေါက်ကွဲကြောင်း သိရှိရသည်။”ထိခိုက်ဒဏ်ရာရတာမျိုးတော့ မကြားဘူး။ ဗုံးပေါက်သံတွေကြားရတယ်” ဟု တောင်ဒဂုံဒေသခံတစ်ဦးက ပြောသည်။ယမန်နေ့ညပိုင်းကလည်း လှိုင်သာယာရှိ တပ်မတော်အထည်ချုပ်စက်ရုံကို ဗုံး ၆ လုံးဖြင့် ဖောက်ခွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

မန္တလေး၊ ၄၁ လမ်း မိုးကောင်းညဈေးအနီး စစ်ကောင်စီကားအား ဗုံးပစ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ၃ ဦး ဒဏ်ရာပြင်းထန်

=======================================================================================

မန္တလေး၊ အနောက် ၄၁ လမ်း၊ မိုးကောင်းညဈေးအနီး လာရောက်ဈေးဝယ်သော စစ်ကောင်စီကား ၁ စီးအား ဗုံးပစ်တိုက်ခိုက်မှုမှာ ၎င်းတို့ လက်ချက်ဖြစ်ပြီး စစ်သား ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာပြင်းထန်ကြောင်း GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ က ပြောသည်

ပုံညာတောင်ခြေရင်းတွင် YDF ၏တိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦး ခန့်သေဆုံး

=======================================================

မကွေးတိုင်း၊ ကျောမြို့မှတဆင့် ဂန့်ဂေါမြို့ဘက်သို့ ဆိုင်ကယ် ၆ စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုဝင်ဘာလ ၂၄ ရက် နံနက် ၈ နာရီခွဲတွင် ပုံညာတောင်ခြေရင်း၌ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က မိုင်းခွဲကာ တူမီးသေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့်သေဆုံးကာ ဒဏ်ရာပြင်းထန်သူများရှိကြောင်း YDF က သတင်းထုတ်ပြန်သည်။

မြိုင်တွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးထက်မနည်း သေဆုံး===============================================

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန် ရေနံတင်ကား ၅ စီးအတွက် လုံခြုံရေးလိုက်ပါလာသော စစ်ကောင် စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် ပစ်ခြင်း၊ မိုက်ဆွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ရာ အနည်းဆုံး စစ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း Myaing PDF က သတင်းထုတ်ပြန်သည်။Myaing PDF ၏ မြေခွေးပျောက်ကြားတပ်နှင့် Pakokku PDF တို့က ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ခန့်တွင် လက်ပံတို-အရာတော်လမ်းပေါ်တွင် ရေနံကား ၅ စီးကို လုံခြုံရေး ယူလိုက်ပါလာသော စစ် ယာဉ်တန်ုကို တာဝေးပစ်ရှော့တိုက်ဒုံးဖြင့် ပစ်ခြင်း၊ မိုင်းခွဲခြင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကားတစ်စီး တိုက် ရိုက်ထိမှန်၍ ကား လုံးဝပျက်စီးသွားကာ ကားပေါ်ရှိစစ်သား အနည်းဆုံး ၃ ယောက်သေဆုံးကာ ဒဏ်ရာရသူ များပြားကြောင်း သိရှိရသည်။အလားတူ Myaing PDF မှ ဇုန်၂ တပ်စုမှူး ဗိုလ်မိုးကားအဖွဲ့က နိုဝင်ဘာလ ၂၂ ရက်နေ့မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် မြိုင်-လင်းကတော လမ်း ရှိ လင်းကတောရဲစခန်းမှူး လင်မယားစီးလာသော စစ်ကားကို မိုင်း (၆) လုံး ခွဲ တိုက်ခိုက်ရာ လင်းကတော ရဲစခန်းမှူး လင်မယား ဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရှိရသည်။

စစ်ကိုင်း-မြင်းမူလမ်းတွင် စစ်သား ၅ ဦးသေဆုံး ၃ ဦး ဒဏ်ရာပြင်းထန်

================================================

စစ်ကိုင်း-မြင်းမူ ကားလမ်းပိုင်းတစ်နေရာတွင် ယမန်နေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး အဆိုပါ နေရာအား မိုင်းရှင်းရန်လာရောက်သော စစ်ကောင်စီ ယာဉ် ၂ စီးအား ယနေ့ နံနက် ၈ နာရီခန့်တွင် မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Black Eagle Decence Force – မြင်းမူတို့က မိုင်ဆွဲတိုက်ခိုက်သဖြင့် စစ်သား ၅ ဦးခန့်သေဆုံး၊ ၃ ဦးအပြင်းအထန် ဒဏ်ရာရကာ ကား ၁ စီးမှာ လုံးဝပျက်စီးသွားကြောင်း မြင်းမူ-PDF က သတင်းထုတ်ပြန်သည်။

ရေးမြို့တွင် ရဲ ၆ ဦးသေဆုံး

===================

ယနေ့ ညနေ ၄ နာရီ သံဖြူဇရပ်မှ ရေးသို့ လူစီးကားဖြင့် လိုက်ပါလာသော ရဲများကို ရေးမြို့နယ်၊ အောင်သာယာ ကျေးရွာနှင့် ကနင်ကမော့ကျေးရွာအကြား မိုင်တိုင် ၆၉ အနီးတွင် ကြားဖြတ်မိုင်းဖြင့် တိုက်ခိုက်ရာ အနည်းဆုံး ရဲ ၆ ဦးသေဆုံးကြောင်း ရေး PDF က သတင်းထုတ် ပြန်သည်။

ချင်းပြည်နယ်၊ ကန်ပက်လက်တွင် စစ်သား ၁၀ ဦးသေဆုံး

======================================

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့၊ နေ့လည် ၁နာရီ၃၀မိနစ် ဝန်းကျင်တွင် ဆောမြို့နယ်နှင့် ကန်ပက်လက်မြို့နယ် နယ်စပ် အောက်လက်မွန် နှင့် အထက်လက်မွန် ကြားတွင် YDF-Saw & Kyaukhtu ၊ CDF-Kanpetlet တို့သည် အကြမ်းဖက်စစ်ကောင်စီတပ် များနှင့် ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦး ဝန်းကျင် သေဆုံး၍ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

မုံရွာ-စစ်ကိုင်းလမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

========================================

နိုဝင်ဘာလ ( ၂၄ ) ရက်နေ့တွင် မြင်းမူမြို့ Black Eagle Defence Force -MMUအဖွဲ့ဦးဆောင်ပြီး Myin Mu Defence Force-MMDF ၊မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့၊People’s Defence Force Myinmu-MMPDF၊မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM စသည့် ညီနောင်မဟာမိတ်(၅)ဖွဲ့မှ မဟာမိတ်စစ်ဆင်ရေးအဖြစ် မုံရွာမှ စစ်ကိုင်းသို့သွားသည့် စစ်ကား ( ၄ ) စီးအား မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ ဂွေးပင်တောကျေးရွာနှင့် ဘိုးမင်းကြီးကင်းကျေးရွာ အကြားနံနက် ( ၇ ) နာရီ (၃၅) မိနစ်အချိန်ခန့်တွင် စစ်ကား(၂)စီးအားမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ယင်းနောက် အလ္လက္ကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြား နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ခန့်တွင်လည်း စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ ထိုမိုင်းခွဲတိုက်ခိုက်မှု(၂)ခုတွင် စစ်ကား(၄)စီး ပျက်စီးခဲ့ပြီး သေဆုံးမှု အရေ အတွက်မှာ များပြားနိုင် သည်ဟုသိရှိရပါသည်။

PDF ၃ ဦးကျဆုံးပြီး ၈ ဦး အဖမ်းခံရ

============================

မကွေးတိုင်း ၊ ရေစကြိုမြို့နယ်တွင် PDF ၃ ဦးကျဆုံးခဲ့ပြီး နေပြည်တော် PDF ၈ ဦး အဖမ်းခံရကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s