ရေးမြို့က မူလတန်းကျောင်းအနီး လက်လုပ်ဗုံးတွေ့၊ စစ်တပ်က ဖောက်ခွဲဖျက်ဆီး

မွန်ပြည်နယ် ရေးမြို့ အောင်မေတ္တာရပ်ကွက်က မူလတန်းကျောင်းအနီးမှာ နိုဝင်ဘာ ၂၄ ရက်နေ့ညနေ ၃ နာရီဝန်းကျင်က လက်လုပ်ဗုံးတစ်လုံး တွေ့ခဲ့ရပြီး စစ်ကောင်စီတပ်တွေက လာရောက်ဖောက်ခွဲသွားတယ်လို့ သိရပါတယ်။ 

“ဗုံးကိုတွေ့တော့ မပေါက်ကွဲသေးဘူး၊ စစ်သားတွေက သတင်းရတော့ လာဖောက်ခွဲသွားတာ၊ ထိခိုက်တာမျိုးမရှိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ရေးမြို့ အစင်စံပြကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးဖြစ်တဲ့ ဦးတင်ငြိမ်းနေအိမ်မှာလည်း နိုဝင်ဘာ ၂၄ ရက်နေ့ည ၇ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သေးတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။ 

နေအိမ်အနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ 

ဦးတင်ငြိမ်းဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်တဲ့အပြင် ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s