ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာက ပြည်သူ ၄ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာကို နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေမွှေနှောက်ပြီး ပြည်သူ ၄ ဦးအား ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကားနှစ်စီးနဲ့ လာတာ  စစ်အင်အား ၂၀ ကျော်လောက်ပါတယ်။ ဖမ်းခံရတဲ့သူတွေက ဆင်နင်းရွာက ကြည့်ပါပဲ။ မိန်းကလေးတစ်ယောက်က စစ်သားတွေလာတယ်ဆိုလို့ တံခါးပိတ်တာ အိမ်တံခါး ပိတ်လို့ဆိုပြီး အဖမ်းခံလိုက်ရတယ်။ အားလုံး ၄ ယောက်ဖမ်းသွားတယ်လို့ ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အကြမ်းဖက် ဖမ်းဆီးခံရသူတွေဟာ ဆင်နင်းကျေးရွာကဖြစ်ပြီ ကိုလူမော်၊ မောင်ဖိုးအေး၊ မခိုင်ဇာလွင်၊ မောင်ဉာဏတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ လတ်တလောကာလ ဖမ်းဆီးမှုတွေ များပြားလာခဲ့ပြီး ဖမ်းဆီးခံရသူ တွေကို  ၁ သိန်း၊ ၂ သိန်းကနေ သိန်း ၁၀ ချီပြီး ငွေကြေးနဲ့ရွေးခိုင်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s