ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ပြည်သူတစ်ဦး၏ နေအိမ်ကို ဝင်ရောက်ဖျက် ဆီးပြီး ချိပ်ပိတ်သွား

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ကျင်းရွာရှိ ပြည်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက် ဖျက်ဆီးပြီး အိမ်တွင်းပစ္စည်းတချို့ ယူဆောင်သွားကာ နေအိမ်ကိုပါ ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၅ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဗိုလ်မှူးတေဇာဖြိုး ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပင်းတလဲရဲစခန်းမှ နယ်ထိန်း ကျော်မင်းဦးဆောင်သည့်အဖွဲ့က အင်အား ၃၀ခန့် ဖြင့် ဦးမြင့်ဦးဆိုသူ၏ နေအိမ်ကို ချိပ်ပိတ်သွားခြင်းဖြစ်သည်။ PDFများနှင့် ဆက်သွယ်နေသည်ဟု စွပ်စွဲကာထိုကဲ့သို့ လုပ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက မှတ်ချက်ပြုထားကြသည်။

“ဦးမြင့်ဦးက ရွာမှာအေးဆေးနေသူပါ ။ အရင်ကတော့ ဆန္ဒပြတာတွေမှာ ပါဖူးတာပေါ့။ သူကတော့ ရှောင်တိမ်းနေတာကြာပြီ ။ အဲ့ဒါကို ဗိုလ်မှူးတေဇာဖြိုးနဲ့ နယ်ထိန်းကျော်မင်းဦးအဖွဲ့က အိမ်ကိုလာဝိုင်းပြီး အိမ်ထဲမှာတွေ့တာဖျက်ဆီးပြီး လိုချင်တာယူသွားတယ်။ အိမ်ကိုလည်း ချိပ်ပိတ်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။စစ်ကောင်စီတပ်ဖွဲ့သည် ကျင်းရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကိုလည်း လာရောက်ဖောက် ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s