ကုလသမဂ္ဂတရားရုံး ICJ ကြားဖြတ်အမိန့်ကို ဖောက်ဖျက်၍ စစ်ကောင်စီက ရိုဟင်ဂျာများ ခရီးသွားလာခွင့်ပိတ်ပင်သော အမိန့်ချမှတ်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က မြန်မာနိုင်ငံကို ကြားဖြတ်စီမံဆုံး ဖြတ်ချက် များ ချမှတ်ထားသော်လည်း အကြမ်းဖက် စစ်ကောင်စီက လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ကာ ရိုဟင်ဂျာများကို ခရီးသွားလာခွင့်ပိတ်ပင်သော အမိန့်ကို နိုဝင်ဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများက ထုတ်ပြန်ကြောင်း ကြေညာသည်။

ရိုဟင်ဂျာ လူမျိုးတချို့သည် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်း ကျော်လွန်၍ ခရီးသွားလာနေခြင်း ခရီးသွားလာရာ တွင် ခရီး သွားလာခွင့် ပုံစံ ၄ ယူဆောင်ရန် ပျက်ကွက်နေခြင်းများကြောင့် မြို့နယ် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေနိုင်ကြောင်း၊ ဥပဒေနှင့်အညီ ခွင့်ပြုချက် ရယူရန် လိုအပ်သည့် ရိုဟင်ဂျာ လူမျိုးများ အနေဖြင့် တရားဝင် ခွင့်ပြုချက် ပုံစံ ၄ ရယူပြီးမှသာ ခရီးသွားလာကြရန် ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ခြင်းကို လိုက်နာမှုမရှိလျှင် တည်ဆဲဥပဒေများနှင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ – ၁၈၈ တို့အရ ထိရောက်စွာ အရေးယူသွားဖြစ်ကာ အဆိုပါ ဥပဒေသည် ၂လပြည့်မြောက်သည့်နေ့ အထိ အတည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ဦးနေဆန်းလွင်က “ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ခရီးသွားလာခွင့်ကန့်သတ်ထားတာ၊ တစ်ရွာကနေတစ်ရွာကို သွားရင်တောင် ခရီးသွားခွင့်ယူရတာ ၁၉၉၂ ခုနှစ်လောက်ကတည်းကပါ။ ဆယ်စုနှစ် ၃ ခုနီးပါးရှိပါပြီ။ အဲဒီကတည်းက အမိန့်ကို မလွန်ဆန်နိုင်တော့ အားလုံးက ခရီးသွားခွင့်လက်မှတ်တွေကို ငွေကြေး အမြောက်အမြားပေးပြီး ယူကြတယ်။ အဲဒါလည်း ရက်ပိုင်းအတွက်သာ ပေးတာပါ။ စစ်တွေလို မြို့ကြီးမှာ ဆေးသွားကုဖို့ သွားခွင့်မပေးတော့တာ ၂၀၁၂ ကတည်းက။

တစ်မြို့ကနေ နောက်တစ်မြို့ သွားမယ်ဆိုရင် ပုံစံ (၄) ဆိုတဲ့ ခရီးသွားခွင့်ယူရတယ်။ ဒါက တစ်ချိန်တုန်းက တောင်အာဖရိကမှာ အသားအ ရောင် ရှိသူတွေ ယူရတာနဲ့ တစ်ပုံစံတည်းဖြစ်ပြီး၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ပါတယ်။ ICJ က ရိုဟင်ဂျာတွေကို အကာ အကွယ်ပေးဖို့ ကြားဖြတ်အစီအမံထုတ်ပြန်ထားကို မင်းအောင်လှိုင် စစ်အုပ်စု ပြောင်ပြောင်တင်းတင်းကို ချိုးဖောက်ပြတာပါ။ သူတို့ ချိုးဖောက်နေတယ်ဆိုတာကို အမိန့်စာထုတ်ပြန်ပြီး ကမ္ဘာသိအောင် လုပ်ပြလိုက်တာလည်း ဖြစ်တယ်။

ICJ က အမှုက ငြိမ်သွားတာ မဟုတ်ပါဘူး။ အမှုဆက်လက်ရင်ဆိုင်ရဦးမှာပါ။ အခုအမိန့်စာက အဲဒီအမှုအတွက် အထောက်အထား တစ်ခု ဖြစ်သွားပါတယ်။ စစ်အာဏာရှင်တွေကတော့ သူတို့စိတ်တိုင်းကျ အမြဲလုပ်လို့ရမယ်ဆိုပြီး တွက်ထားပုံရတယ်။ သူတို့ရဲ့ ကျဆုံးခန်းအတွက် အခုအမိန့်စာက အထောက်အကူတစ်ခု ဖြစ်စေတယ်၊ ပြီးတော့ သူတို့ရဲ့ လူမဆန်မှုတွေ၊ နေ့စဥ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေက သက်သေအ ထောက်အထားတွေ ပိုဖြစ်စေတယ်ဆိုတာ နားမလည်သေးဘူးလို့ ထင်ရတယ်။ ICJ တစ်ခုတည်းရယ် မဟုတ်ပါဘူး။ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးမှာလည်း အမှုရှိနေတယ်။

သိပ်မကြာခင်မှာ နွေဦးတော်လှန်ရေးမှာ ကျူးလွန်ခဲ့သမျှ၊ ကျူးလွန်နေသမျှလည်း ICC မှာ အမှုဖြစ်လာမယ်လို့ ယုံကြည်ရတယ်။ စစ်အာဏာ ရှင်တွေရဲ့ ကျဆုံးခန်းရောက်လာမှာပါ။ အဲဒီအချိန်ကျမှ ကျွန်တော်တို့ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်သူပြည်သားအားလုံး အေးချမ်းစွာ လူ့ဂုဏ်သိက္ခာနဲ့ နေလို့ရမှာပါ” ဟု သုံးသပ်ပြောဆိုသည်။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက် စစ်တပ်က ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုန်း သတ်ဖြတ်မှု ကိစ္စနှင့်ပတ်သက်ပြီး ICJတရားရုံးက ကြားဖြတ်စီမံဆုံးဖြတ်ချက်များ အမိန့် ၄ ချက်ကို ချမှတ်ခဲ့သည်။

(၁) လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက် အပိုဒ်(၂)အရ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စေနိုင်သည့် အရာအားလုံးကို မြန်မာ အစိုးရက ရပ်တန့်အောင် ဆောင်ရွက်ရန်

(၂) မြန်မာစစ်တပ်၊ပြည်သူ့စစ်နှင့် တခြား လက်နက်ကိုင်တပ်ဖွဲများက ဂျီနိုဆိုက် ထပ်မကျုးလွန်နိုင်စေရေး မြန်မာအစိုးရက ထိရောက်စွာ ဟန့်တားရန်

(၃) ဂျီနိုဆိုက်သက်သေများကို ဖျက်ဆီးမှုများမရှိစေရန် မြန်မာအစိုးရက ဆောင်ရွက်ရန်

(၄) ယခု အမိန့်ချမှတ်သည့်နေ့မှစ၍ ၄ လအတွင်း ဆောင်ရွက်မှုများအားလုံးကို အစီရင်ခံစာတင်ပြရန်နှင့် နောက်ဆုံးအမိန့်မချမှတ်မီ ၆ လတိုင်း အစီရင်ခံစာ တရားရုံးသို့ တင်သွင်းရန်တို့ဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s