ကျောင်းဆရာများကို ခြိမ်းခြောက်သည်ဆိုသော သတင်း စစ်တပ်ထောက်ခံသူများ၏ ဝါဒဖြန့်မှုသာဖြစ်ဟု CDF- Palatwa ဆို

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကလက်ချောင်းဒေသရှိ ကျောင်းဆရာ၊ ဆရာမများကို ချင်းပြည်သူ့ကာကွယ်ရေးတပ် (ပလက်ဝ) (CDF- Palat wa ) အဖွဲ့က ဖမ်းဆီး ခြိမ်းခြောက်မှုများ လုပ်နေသည် ဆိုသော လူမှုကွန်ရက်တွင် ထွက်ပေါ်နေသည့် သတင်းသည် စစ်ကောင်စီက ဝါဒဖြန့် တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု CDF- Palatwa ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

” ဒါကတော့ တပ်ထောက်ခံသူတွေ အနေနဲ့ ကျွန်တော်တို့ CDF- Palatwa အဖွဲ့ကို ရည်ရွယ်ချက် ရှိရှိ ဝါဒဖြန့် တိုက်ခိုက်တာပါ။ ပြည်သူနဲ့ ကျွန် တော်တို့ အဖွဲ့ကြား နားလည်မူလွဲအောင် လုပ်ဇာတ်ခင်းတာပေါ့ဗျာ။ လက်ရှိအချိန်အထိ ကျွန်တော်တို့ ခေါ်ယူဖမ်းဆီးပြီး မေးမြန်းတဲ့ Non-CDM တစ်ဦး တစ်ယောက်မှ မရှိသေးသလို ကလက်ချောင်း ဒေသဘက်မှာ ကျွန်တော်တို့က ခုထိ လှုပ်ရှားမူတွေ မရှိသေးပါဘူး ”ဟု CDF- Palatwa ပြန်ကြားရေး တာဝန်ခံ ကိုပေါလ်က ပြောသည်။

အဆိုပါ ပျံ့နှံ့နေသည့် သတင်းများတွင် CDF- Palatwa အဖွဲ့က ကျောင်းမဖွင့်ရန် တားမြစ်ခြင်း၊ ကျောင်းဆရာများကို သေနတ်ဖြင့် ခြိမ်း ခြောက်ခြင်း၊ ကိုယ်ထိလက်ရောက် ပြုမှုခြင်းများကြောင့် ဆရာများ ထွက်ပြေးနေရသည်ဟု ရေးသားထားသည်။CDF- Palatwa အဖွဲ့သည် ပလက်ဝ-မတူပီ ကားလမ်းပေါ်ရှိ ကန်တောင်၊ ပေါက်စဉ်ကျေးရွာ အနီးတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်မှ ၁၁ ရက်နေ့အတွင်း ကားလမ်းအတိုင်း ချီတက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့များကို သုံးရက်ဆက်တိုက် ချုံခို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ကျဆုံးသူနှင့် ဒဏ်ရာရသူများ ရှိခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s