စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လူငယ်များကို ရိုက်နှက်ဖမ်းဆီးပြီး နာရီပိုင်းအတွင်း မြန်မာပလာဇာကို သပိတ် မှောက်သည့်အ​နေဖြင့် ဆိုင်ခန်းများ ပိတ်သိမ်း၊ မြန်မာပလာဇာကို သပိတ်မှောက်သော လူထုလှုပ်ရှားမှု အရှိန်တက်လာ

ရန်ကုန်ရှိ မြန်မာပလာဇာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်များကို နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီတွင် ရိုက်နှက်ဖမ်းဆီးကြောင်း သတင်းများ ဖော်ပြပြီးနောက် မြန်မာပလာဇာကို ဆန့်ကျင်ရေး လှုပ်ရှားမှုများ နာရီပိုင်းအတွင်း မြင့်တက်လာပြီး ဆိုင်ခန်း ၃၀ ထက်မနည်း ပိတ်သိမ်းမည်ဟု ကြေညာလိုက်ပြီး ပြည်သူအများစု ကလည်း မြန်မာပလာဇာ သပိတ်မှောက် လှုပ်ရှားမှုများ စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ တက္ကစီဆရာအများစုက မြန်မာပလာဇာဟု ခေါ်ဆို ငှားရမ်းသော ခရီးစဉ်မှန်သမျှ လိုက်ပါ ပို့ဆောင်မည်မဟုတ်ကြောင်း အခင်း ဖြစ်ပွားပြီး နာရီပိုင်းအတွင် စတင်ကြေညာကြသည်။ ယင်းနောက် ယနေ့ ည ၈ နာရီမှစတင်ပြီး Ma Ma Kitchen ၊ Nichii Myanmar ၊ Luxuri ၊ဒို့ရိုးရာမြေ ၊ ၊ Innwa Book & Cafe ၊ My Page၊ Stones Therapy၊ ၊ VJM jewelry၊ Pwal by The Event Architects၊ Sony Showroom ၊ LG Showroom အပါအဝင် ဆိုင်ခန်း ၃၀ ထက်မနည်းက မြန်မာပလာဇာတွင် ဖွင့်လှစ်ထားသော ဆိုင်ခန်းများ ပိတ်သိမ်းမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာကြသည်။

ရန်ကုန်ရှိ ပစ္စည်းသယ်ယူပို့ဆောင်ရေး Delivery များကလည်း မြန်မာပလာဇာ စျေးဝယ်စင်တာနှင့်ရုံးခန်းများသို့ မှာယူသည့် မည်သည့် ပစ္စည်းကိုမှ ပို့ဆောင် မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာနေကြကြောင်း သိရှိရသည်။ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ပြည်သူအများစုက စစ်တပ်အလိုကျ ဆန္ဒပြ လူငယ်များကို ရိုက်နှက် ဖမ်းဆီးသော မြန်မာပလာဇာကို သပိတ်မှောက်ပြီး မလာရောက်ကြရန် လှုပ်ရှားမှုများဖြင့် စတင် သပိတ်မှောက်နေကြပြီဖြစ်ကြသည်။

မြန်မာပလာဇာဘက်က ဆန္ဒပြလူငယ်များကို ရိုက်နှက်မှုနှင့်ပတ်သက်ပြီး တောင်းပန်ကြောင်း စာထုတ်ပြန်ခဲ့သော်လည်း ပြည်သူလူထု၏ မြန် မာ ပလာဇာ သပိတ် မှောက် လှုပ်ရှားမှုမှာ အရှိန်မြင့်တက်လျက်ရှိကြောင်း ပြည်သူများ၏ ​ပြောဆိုချက်အရ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s