ဒဂုံမြို့သစ်‌မြောက်ပိုင်းတွင် ဖမ်းမည့်သူကို ရှာမ​တွေ့၍ အနီးရှိ လူငယ် ၄ ဦးကို ဖမ်းဆီး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်​မြောက်ပိုင်းမြို့နယ်၊ ၅၀ ​ကွေ့ မှတ်တိုင်အနီး သခင်ခင်​ဇော် (၁) လမ်းရှိ ​နေအိမ်တွင် PDFအဖွဲ့ဝင်များ ရှိသည် ဆိုသော အ​ကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က ဝင်​ရောက်ရှာ​ဖွေရာ မ​တွေ့၍ အနီးဝန်းကျင်ရှိ လူငယ်​လေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယ​မန်နေ့ နိုဝင်ဘာလ ၂၅ ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့၀င်များက အင်အားသုံး၍ ၀င်ရောက်ရှာဖွေ ဖမ်းဆီးသွားခြင်းဖြစ် သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “အဲ့ဒီအိမ်က တစ်​ယောက်က PDF ထဲ ဝင်တယ်ဆိုတဲ့သတင်းရလို့ လာတာပါ​​။ ဒါ​ပေမဲ့ သူတို့လာရှာတဲ့သူက မရှိပါဘူး။ မ​တွေ့လည်း မ​တွေ့​ရော လမ်းကဖြတ်သမျှ လူ​တွေ​ရော၊ ကား​တွေ​ရော အကုန်စစ်ပါတယ်။ ​နောက်​တော့ လမ်း​ဘေးအုတ်ခုံမှာ ထိုင်​နေတဲ့ လူငယ်သုံးဦးနဲ့ အဲ့လမ်းမှာ စက်ဘီးနဲ့ ဖြတ်သွားဖြတ်လာလုပ်​နေတဲ့ လူငယ်တစ်ဦး အဖမ်းခံလိုက်ရပါတယ်” ဟု ဖြစ်စဉ် အနီးရှိသူ အမျိုးသမီးက မဇ္စျိမ ကို ​ပြောသည်။

စစ်ကောင်စီတပ်သားများက Double Cubကား လေးစီး၊ အမျိုးအစားမသိရသည့် အိမ်စီးကားတစ်စီးဖြင့်ရောက်ရှိလာကာ ရှာ​ဖွေဖမ်းဆီးမှုများပြုလုပ်​နေချိန်အတွင်း ​ထိုနေရာကို မီးဖြတ်ထား​ကြောင်းဒေသခံများမှ တစ်ဆင့် သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s