ဖားကန့် မှော်ဆီဇာ အထကကျောင်းရှေ့၌ မိုင်းကွဲ၊ ဆရာ ဆရာမနှင့် ကျောင်းသူအချို့ ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်ဆီဇာ အထက ကျောင်းခွဲမှာ နိုဝင်ဘာ ၂၆ ရက် ဒီမနက်က  မိုင်းပေါက်ကွဲပြီး  ဆ ရာ/ဆရာမနဲ့ ကျောင်းသူ ကျောင်းသားအပါအဝင်  အနည်းဆုံး  ၆ ယောက်လောက်  ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီမနက် ၈ နာရီ ၁၅ မိနစ်လောက်က ကျောင်းသားတွေနဲ့ ဆရာ/ဆရာမတွေ ကျောင်းကိုအလာ ကျောင်းအဝင်ဝနားမှာ မိုင်းပေါက်ကွဲမှုဖြစ်လို့  ထိခိုက်ဒဏ်ရာရသူတွေကို ဖားကန့်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့  မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့်မြို့နယ် ဥက္ကဋ္ဌ ကိုဂျက်က ဒီဗွီ ဘီကို ပြောပါတယ်။ 

“မိုင်းထိဒဏ်ရာရသူတွေရှိတယ်ဆိုပြီး ဖုံးဆက်လာတော့ ကျနော်တို့အဖွဲ့က ကား ၂ စီးနဲ့ လူနာတွေကို သွားသယ်ပြီး ဖားကန့်ဆေးရုံပို့ထားပေးပါတယ်။ ဒဏ်ရာက သူတို့ ကျောမှာ ၊ ဗိုက်မှာ ၊ ခြေထောက်နဲ့ ပေါင်တွေမှာထိတယ်၊ စုစုပေါင်း ၆ ယောက်။ ဆိုင်ကယ်သမား ၁ ယောက်၊ ပြီးတော့ ဆရာ ၁ ယောက် ၊ ဆရာမ ၂ ယောက် နဲ့ ကျောင်းသူ ၂ ယောက် ၊ အဲဒီထဲမှာ ဆိုင်ကယ်သမားနဲ့ ကျောင်းဆရာတစ်ယောက်က သွေးထွက်လွန်တော့ စိုးရိ မ်ရတယ်။ ”

မျက်မြင်တွေပြောပြချက်အရ ဆိုင်ကယ်သမားက အရင်ဆုံးကျောင်းရှေ့ဖြတ်လာရာမှာ ထောင်ထားတဲ့မိုင်းပေါက်တာဖြစ်ပြီး နောက်ကလိုက်လာတဲ့ ဆရာဆရာမနဲ့ ကျောင်းသူတွေပါ ထိကုန်တာလို့ ဒေသခံက ပြောတယ်။

တချို့သတင်းတွေမှာတော့  ကျောင်းဆရာ ဆရာမ၊ ကျောင်းသားနဲ့  ကျောင်းသားမိဘ အပါအဝင် စုစုပေါင်း ၈ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။ 

ကျောင်းအုပ်ဆရာမကြီးက လိုက်ထရပ်ကားမောင်းလာပြီး ကျောင်းကွေ့အဝင် မြောင်းနားမှာ ရှိတဲ့ မိုင်းပေါက်ကာ ကားနောက်ဘီးပွင့်သွားတာလို့  ဆိုပါတယ်။  အဆိုပါ စာသင်ကျောင်းမှာ ဒီလ ၆ ရက်နေ့ကလည်း မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး အဲတုန်းကတော့ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။   DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s