ဗိုလ်ချုပ်ဟောင်း လှဌေးဝင်း၏ သမက် သန့်ဇင်ဟိန်းကို ဒလ သမ္မတကမ်းခြေစီမံကိန်းမှ ငွေကျပ်သိန်းပေါင်း သိန်းချီတန်မြေကွက်ကြီးကို စျေးပေါပေါဖြင့်ချပေး၊ ဒုဗိုလ်ချုပ်ကြီးညိုစော မိသားစုအပါအဝင် စစ်အရာရှိအသိုင်းအ၀ိုင်း စီးပွားရေးအများစု လုပ်ပိုင်ခွင့်များစွာ ပိုရပြီး ပိုချမ်းသာလာ

ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် မြို့ပြနှင့်စက်မှု အိမ်ရာ ဖွံ့ဖြိုးရေး စီမံကိန်းနှင့် ဒလ သမ္မတကမ်းခြေ စီမံကိန်းမှ မြေဧက ၁၅ ဧကကို စစ်ကောင် စီက ယခင် ဗိုလ်ချုပ်ကြီး ဟောင်း လှဌေးဝင်း၏ သမက်ဖြစ်သူ သန့်ဇင်ဟိန်းထံသို့ စျေးပေါပေါဖြင့် ချထားပေးလိုက်ပြီး သိန်းပေါင်းတစ်သိန်းကျော် အမြတ်အစွန်းရရှိသွားကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။ ဗိုလ်ချုပ်ကြီးလှဌေးဝင်း၏ သမီးဖြစ်သူ မအိမ့်သီရိမြတ်မွန်(ခ) အိမ့်မြတ်မွန်တို့က Mega Super Power ကုမ္ပဏီအမည်ဖြင့် ဒလသမ္မတကမ်းခြေစီမံကိန်းမှ မြေများ လျှောက်ထားခြင်းဖြစ်ကြောင်း၊ ယင်းမြေလျှောက်ထားမှုကို လှဌေးဝင်း၏ တပည့်ရင်း လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် လှစိုးက စက်တင်ဘာလ ၂၈ ရက်နေ့တွင် သိန်းပေါင်း ၁၁၀ ၀၀ ဖြင့် မြေကွက်များ ချထားပေးခဲ့ကြောင်း၊ မြေကွက်ကို ဂရန်အမည်ဖောက်ကာ သိန်းပေါင်း ၁ သိန်းကျော်ဖြင့် ပြန်လည် ရောင်းချပြီး အ မြတ် အစွန်းများစွာ ရရှိသွားကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

” ဗိုလ်ချုပ်ကြီးဟောင်းလှဌေးဝင်းရဲ့သမက်ဟာ ဒုမှူးကြီးဟောင်း သန့်ဇင်ဦး(ခ) သန့်ဇင်ဟိန်း၊ နေကမ္ဘာမြန်မာဆောက် လုပ်ရေးလုပ်ပြီး ဆင်မင်းကွန်ဒို၊ မောင်ဗမာကွန်ဒိုကြီးတွေကို ဗိုလ်ချုပ်ကြီးကိုယ်စားလုပ်နေသူဖြစ်ပါတယ်။ အခုရန်ကုန်ဝန်ကြီးချုပ်နေရာကို သူမလုပ်ဘဲတပည့်ဖြစ်သူ လှစိုးကိုပွဲထုတ်ပြီးရန် ကုန်တိုင်းဒလမြို့နယ်ကလယ်မြေတွေကိုဂရန်ဖောက်ဝယ်ယူထားပြီးအမြတ်အစွန်းသိန်းပေါင်းတစ်သိန်းကျော်ဖြင့်ပြန်ရောင်းချခဲ့ပါတယ်” ဟု စီးပွားရေးအသိုင်းအ၀ိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်း၏ သမီးဖြစ်သူ အိမ့်မြတ်မွန်နှင့် သန့်ဇင်ဟိန်းတို့သည် နေကမ္ဘာမြန်မာဆောက်လုပ်ရေး၊ Mega Super Power ကုမ္ပဏီအပါအဝင် ကုမ္ပဏီများစွာ ထူထောင်ပြီး ဆောက်လုပ်ရေး၊ ကူးသန်း ရောင်းဝယ်ရေး ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရှိသည်။ ထို့ပြင် လှဌေးဝင်း မိသားစုသည် ရန်ကုန်မြို့ ဇီးရိုးမိုင်တွင် အကောင် အထည်ဖော်လျက်ရှိသည့် Green City ရှယ်ယာများစွာ ပိုင်ဆိုထားပြီး YP ဆီဆိုင်လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိကြောင်း၊ ယခင် NLD အစိုးရ လက် ထက် ဖြိုးမင်းသိန်း(ရန်ကုန်ဝန် ကြီးချုပ်) နှင့်ပူးပေါင်းပြီး YP ကုမ္ပဏီက ဆီဆိုင်လုပ်ငန်းအတွက် မြေကွက်များကို အလကားနီးပါး ရယူခဲ့ကြောင်း သိရှိရသည်။ ” သန့်ဇင်ဟိန်းဆိုတာ စစ်တပ်ထဲက ထွက်တဲ့ ဒုဗိုလ်မှူးကြီးဟောင်း သန့်ဇင်ဦးပဲ။ သူ့ ကုမ္ပဏီ နေကမ္ဘာမြန်မာနဲ့ ဆောက်လုပ်ရေးကုမ္ပဏီက ရောင်းနေတဲ့ အ ခန်းတွေကို မဝယ်ဘဲ Social Punishment လုပ်သင့်ပါတယ်။

ဆောက် လုပ်ရေးကအဓိကပါ။ ရန်ကင်းမှာလည်း ကွန်ဒိုအသစ်တွေဆောက်ဖို့လုပ်နေပါတယ်” ဟု ၎င်းကဆိုသည်။ သန့်ဇင်ဟိန်းသည် ရှယ်ယာပါဝင်နေသည့် YP ဆီဆိုင်သည် အစိုးရမြေကွက်များကို အလကား ရယူပြီး ဆီဆိုင်လုပ်ငန်းလုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ ယခုစစ်ကောင်စီနှင့်အဆင်ပြေစေရန် သန့်ဇင်ဟိန်းက တော်လှန်ရေးကို ထောက်ပံ့နေသော လုပ်ငန်းရှင်များကို ဖော်ထုတ်၍ စစ်ကောင်စီသတင်းပေးလျက်ရှိသည်ဟုလည်း ဆိုသည်။ “အရင်တိုင်းအစိုးရဆီကမြေတွေဝယ်ပြီး YP ကို ပြန်ရောင်းတာတွေလုပ်နေပါတယ်။

YPကလည်းတိုင်းအစိုးရဆီက တိုက်ရိုက်ဝယ်တာကော လူကြီးသား သမီးတွေဆီကပါ မြေကွက်ဝယ်နေတာပါ။ YPကကွီးဖြိုးနဲ့ပေါင်းခဲ့သလိုစစ်အစိုးရသိမ်ခါစမှာ စက်သုံးဆီထောက်ပံ့ပေးခဲ့လို့အရေးမယူခံခဲ့ရတာပါ။ သန့်ဇင်ဦး(ခ) သန့်ဇင်ဟိန်းက လက်ရှိနစကအဖွဲ့ဝင်တချို့ကိုလည်းသတင်းပေးနေတာပါ။

ဘယ်လုပ်ငန်းရှင်က အနီဘက်ကပါပြီး ထောက်ပံ့တယ်ဆိုတာမျိုး သန့်ဇင်ဦး က သတင်းပေးနေတယ်” ဟု စီးပွားရေးအသိုင်းအ၀ိုင်းနှင့်နီးစပ်သူက ဆိုသည်။ လှဌေးဝင်း၏ သမက် သန့်ဇင်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၂ မှ ဖြစ်ပြီး လှဌေးဝင်းသည် ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်သည်။ လှဌေးဝင်းနှင့်ဇနီး မာမာဝေသည် လက်ရှိတွင် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်း၊ မွန်မြတ်မေတ္တာရာအိမ်ရာ၊ အမှတ် (ဒီ-၁) တွင် သားသမီးများနှင့်နေထိုင်လျက်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် MEC မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၏ သမက်ဖြစ်သူ ဒေါက်တာဇွဲမာန်အောင်နှင့်ဇနီး သန့်ညိုစော ၊ သားဖြစ်သူ သင့်ညိုစော (MAI လေ ယာဉ်မှူး)၊ ဆင့်ညိုစောတို့လည်း ဒလသမ္မတကမ်းခြေတွင် မြေကွက်များစွာလျှောက်ထားပြီး ပြန်လည်ရောင်းချခြင်းဖြင့် သိန်းပေါင်း သိန်းချီ အမြတ်အစွန်းရရှိလျက်ရှိကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s